

 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“ကိုယ့်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် တစ်ပါးသူအတွက် ထိခိုက်သွားစေမယ့် စကားမျိုးတွေ မပြောကြပါနဲ့ဆိုတဲ့ မိုးယုစံ”

CeleConnections ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ မင်းသမီးချောလေး မိုးယုစံနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ မိုးယုစံဟာဆိုရင် ဇာတ်ကားတိုင်းလိုလို ကာရိုက်တာပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့အိမ်ထောင်ရေးဟာဆိုရင် ချစ်ခင်ကြင်နာယုယတတ်တဲ့ ခင်ပွန်းနဲ့ ချစ်စရာကောင်းတဲ့ သားသားလေးတွေနဲ့ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

 

မိုးယုလေးကတော့ သားသားမွေးတဲ့အချိန်ထိ အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားပေးမယ့် ပရိသတ်တွေမမေ့မလျော့သွားအောင် သားသားလေးနဲ့အတူ အမှတ်တရပုံရိပ်လေးတွေနဲ့ tik tokဗီဒီယိုလေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လေ့ရှိပါတယ်။ ဒီနေ့မှာတော့ မိုးယုစံက”စိုးရိမ်မိတာတခု မြင်မိလို့ပြောအုံးမယ်နော် သူတို့တော့ဘယ်လိုကာကွယ်ထားလဲ ကိုယ်တော့မသိဘူး tvကဆိုတော့မြင်မိပီး သတိမထားမိကြတာလေးကိုမြင်မိလို့ပါ။ liveဖျော်ဖြေရေးတခုမှာ လက်အိတ်တွေသာဝတ်ထားပီးကာကွယ်နေတာ ဒီမိုက်နဲ့ပဲ လူအများဆိုနေတာကိုပြေးမြင်မိလို့ပါ၊မိုက်ဆိုတာ ပါးစပ်နဲ့အနီးဆုံးမို့ မြင်ရင်းစိုးရိမ်မိသွားတယ်။ နောက်တစ်ခုက ဘယ်သူမှရောဂါမဖြစ်ချင်ပါဘူး။ ဖြစ်သွားလည်းအားပေးစကားပြောခြင်းဖြင့်ကူညီပေးပါ။ သူကကူးစက်ခံထားရတာဆိုပြီးအပစ်ပြောခွဲခြားတာ ဝိုင်းကြည့်တာမလုပ်ကြပါနဲ့ ။ကိုယ်သာဝင်ခံစားကြည့်ရင် ရောဂါဖြစ်လို့စိတ်ဓာတ်ကျရတဲ့အထဲ ပတ်ဝန်းကျင်က တရားခံလိုကြည့်ကြမယ်ဆို…လူတစ်ယောက်ရဲ့စိတ်ကအရေးကြီးဆုံးမို့ ဘယ်လိုစကား ဘယ်လိုအပြုအမူမျိုးနဲ့မှ တစ်ပါးသူရဲ့ စိတ်ကိုမရိုက်ချိုးကြပါနဲ့လို့”သူမရဲ့ ခံစားချက်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

 

CeleConnections ပရိသတ်တွေအတွက် မိုးယုစံရဲ့ ခံစားချက်လေးကို ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း မိုးယုလေးရဲ့ပြောထားတဲ့ အတိုင်း ပြုမူဆင်ခြင်ကြမယ်လို့လည်း ထင်ပါတယ်။

Soure….Moe Yu San’s facebook
Angella(CeleConnections)

error: Alert: Content is protected !!