ကင္ဆာေရာဂါေၾကာင့္ ေဆးကုသစရိတ္ခက္ခဲေနတဲ့ အဆိုေတာ္ ေနာ္လီဇာကို အလွဴေငြေပးအပ္လွဴဒါန္းခဲ့တဲ့ ေရႊအိမ္စည္နဲ့ ဂၽြန္လြင္

“ရက္ရက္စက္စက္”၊ “မာလာေဆာင္ေမာင္မလာဘူး”၊ “အခ်စ္ကိစၥ” စတဲ့ ေတးသီခ်င္းေတြနဲ့ ေအာင္ျမင္ခဲ့တဲ့ စတူဒီယိုေတးသံရွင္ ေနာ္လီဇာကို အားလံုး မွတ္မိၾကဦးမယ္ ထင္ပါတယ္။ ေနာ္လီဇာက အခုဆိုရင္ အသက္ (၆၀) ေက်ာ္အရြယ္ကို ေရာက္ရိွေနျပီျဖစ္ျပီး ကင္ဆာေရာဂါ ေဝဒနာကို ခံစားေနရတာပဲ ျဖစ္ပါတယ္။ ကင္ဆာေရာဂါကို ကုသဖို့ ေဆးကုသစရိတ္အခက္အခဲျဖစ္ေနတဲ့ ေနာ္လီဇာကို ေရႊအိမ္စည္နဲ့ ဂၽြန္လြင္တို့က ပူးေပါင္းျပီး အလွဴေငြမ်ား လွဴဒါန္းေပးခဲ့ေၾကာင္း ဂၽြန္လြင္က အခုလိုပဲ ေျပာျပထားပါတယ္။

 

 

“(၁၄-၄-၂၀၂၀) သၾကၤန္အၾကတ္ေန႔ေလးမွာ ကြၽန္ေတာ္ ဂြၽန္လြင္ (Stars & Models ) ထံကို အဆိုေတာ္ အစ္မ ေနာ္လီဇာ၏ သမီး မဂ်ဴလီက သူ႔အေမ ကင္ဆာေဝဒနာ ခံစားေနရၿပီး ၊ခြဲစိပ္ထားရေၾကာင္း ေဆးလည္း သြင္းထားရေၾကာင္း ေျပာလာသည္။ ကြၽန္ေတာ္ႏွင့္လည္း အဆင္အသြယ္မရသည္မွာ အခ်ိန္ေတာ္ေတာ္ၾကာခဲ့ပါၿပီ။ ဒါေၾကာင့္ သူ႔မိခင္က်န္းမာေရးအေျခအေနကို သိခ်င္တာေၾကာင့္ အစ္မ ေနာ္လီဇာ ႏွင့္ ဖုန္းျဖင့္ စကားေျပာဆိုခဲ့ပါသည္။”

 

 

“ေရာဂါအေျခအေနကို သိရွိရေသာေၾကာင့္ ကြၽန္ေတာ္အေနျဖင့္ သ႐ုပ္ေဆာင္ ေမာ္ဒယ္ေ႐ႊအိမ္စည္မွ ဆရာလိုအပ္ေသာေနရာမ်ားတြင္ ကုသိုလ္ျပဳ လႉဒါန္းရန္အတြက္ ေပးအပ္ထားေသာ ေငြက်ပ္ (၁၀) သိန္းကို ကြၽန္ေတာ္အေနျဖင့္ ပထမ ေနျပည္ေတာ္ ရွိ လည္ပင္းႀကီး ေဝဒနာရွင္ ျပည္ေထာင္စု ေဝေဝ ကို ခြဲစ္ိပ္မူတြင္ လႉဒါန္းအသုံးျပဳရန္ ရည္႐ြယ္ထားေသာလည္း ျပည္ေထာင္စု ေဝေဝကို ခြဲစိပ္ေပးမူတြင္ ေငြေၾကးလုံေလာက္စြာကူညီႏိုင္ခဲ့ေသာေၾကာင့္ အစ္မေနာ္လီဇာအေနျဖင့္ ေဆးကုသစရိတ္ ေငြက်ပ္(၁၅)သိန္း လိုအပ္ေနေသာလည္း ၊ကြၽန္ေတာ္အေနျဖင့္ သ႐ုပ္ေဆာင္ေ႐ႊအိမ္စည္ ကိုယ္စားေပးအပ္လႉဒါန္းထားေသာ အဆိုပါ ေငြက်ပ္(၁၀)သိန္းကို ေပးအပ္ခဲ့ပါသည္။” ဆိုျပီး ေျပာထားပါတယ္။

 

 

အရင္က ပရိသတ္တိုင္းၾကိဳက္နွစ္သက္ခဲ့ရတဲ့ အဆိုေတာ္ၾကီး ေနာ္လီဇာအေနနဲ့ အခုလို ကင္ဆာေရာဂါေဝဒနာခံစားေနရတယ္ဆိုတဲ့ သတင္းေၾကာင့္ စိတ္မေကာင္းျဖစ္ရပါတယ္။ ေနာ္လီဇာတစ္ေယာက္ ေဆးကုသစရိတ္ေတြအဆင္ေျပျပီး ဒီေဝဒနာဆိုးၾကီးကို အျမန္ဆံုး ေက်ာ္လႊားနိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ရပါတယ္။

 

 

Source: John Lwin’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကင်ဆာရောဂါကြောင့် ဆေးကုသစရိတ်ခက်ခဲနေတဲ့ အဆိုတော် နော်လီဇာကို အလှူငွေပေးအပ်လှူဒါန်းခဲ့တဲ့ ရွှေအိမ်စည်နဲ့ ဂျွန်လွင်

“ရက်ရက်စက်စက်”၊ “မာလာဆောင်မောင်မလာဘူး”၊ “အချစ်ကိစ္စ” စတဲ့ တေးသီချင်းတွေနဲ့ အောင်မြင်ခဲ့တဲ့ စတူဒီယိုတေးသံရှင် နော်လီဇာကို အားလုံး မှတ်မိကြဦးမယ် ထင်ပါတယ်။ နော်လီဇာက အခုဆိုရင် အသက် (၆၀) ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး ကင်ဆာရောဂါ ဝေဒနာကို ခံစားနေရတာပဲ ဖြစ်ပါတယ်။ ကင်ဆာရောဂါကို ကုသဖို့ ဆေးကုသစရိတ်အခက်အခဲဖြစ်နေတဲ့ နော်လီဇာကို ရွှေအိမ်စည်နဲ့ ဂျွန်လွင်တို့က ပူးပေါင်းပြီး အလှူငွေများ လှူဒါန်းပေးခဲ့ကြောင်း ဂျွန်လွင်က အခုလိုပဲ ပြောပြထားပါတယ်။

“(၁၄-၄-၂၀၂၀) သင်္ကြန်အကြတ်နေ့လေးမှာ ကျွန်တော် ဂျွန်လွင် (Stars & Models ) ထံကို အဆိုတော် အစ်မ နော်လီဇာ၏ သမီး မဂျူလီက သူ့အမေ ကင်ဆာဝေဒနာ ခံစားနေရပြီး ၊ခွဲစိပ်ထားရကြောင်း ဆေးလည်း သွင်းထားရကြောင်း ပြောလာသည်။ ကျွန်တော်နှင့်လည်း အဆင်အသွယ်မရသည်မှာ အချိန်တော်တော်ကြာခဲ့ပါပြီ။ ဒါကြောင့် သူ့မိခင်ကျန်းမာရေးအခြေအနေကို သိချင်တာကြောင့် အစ်မ နော်လီဇာ နှင့် ဖုန်းဖြင့် စကားပြောဆိုခဲ့ပါသည်။”

“ရောဂါအခြေအနေကို သိရှိရသောကြောင့် ကျွန်တော်အနေဖြင့် သရုပ်ဆောင် မော်ဒယ်ရွှေအိမ်စည်မှ ဆရာလိုအပ်သောနေရာများတွင် ကုသိုလ်ပြု လှူဒါန်းရန်အတွက် ပေးအပ်ထားသော ငွေကျပ် (၁၀) သိန်းကို ကျွန်တော်အနေဖြင့် ပထမ နေပြည်တော် ရှိ လည်ပင်းကြီး ဝေဒနာရှင် ပြည်ထောင်စု ဝေဝေ ကို ခွဲစိပ်မူတွင် လှူဒါန်းအသုံးပြုရန် ရည်ရွယ်ထားသောလည်း ပြည်ထောင်စု ဝေဝေကို ခွဲစိပ်ပေးမူတွင် ငွေကြေးလုံလောက်စွာကူညီနိုင်ခဲ့သောကြောင့် အစ်မနော်လီဇာအနေဖြင့် ဆေးကုသစရိတ် ငွေကျပ်(၁၅)သိန်း လိုအပ်နေသောလည်း ၊ကျွန်တော်အနေဖြင့် သရုပ်ဆောင်ရွှေအိမ်စည် ကိုယ်စားပေးအပ်လှူဒါန်းထားသော အဆိုပါ ငွေကျပ်(၁၀)သိန်းကို ပေးအပ်ခဲ့ပါသည်။” ဆိုပြီး ပြောထားပါတယ်။

အရင်က ပရိသတ်တိုင်းကြိုက်နှစ်သက်ခဲ့ရတဲ့ အဆိုတော်ကြီး နော်လီဇာအနေနဲ့ အခုလို ကင်ဆာရောဂါဝေဒနာခံစားနေရတယ်ဆိုတဲ့ သတင်းကြောင့် စိတ်မကောင်းဖြစ်ရပါတယ်။ နော်လီဇာတစ်ယောက် ဆေးကုသစရိတ်တွေအဆင်ပြေပြီး ဒီဝေဒနာဆိုးကြီးကို အမြန်ဆုံး ကျော်လွှားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source: John Lwin’s fb
Bilie – Cele Connections

error: Alert: Content is protected !!