ယူနီကုဒ်ဖြင့်ဖတ်ရန်
“နှစ်တိုင်းစတုဒီသာအတွက် ဝိုင်းဝန်းချက်ပြုတ်ကာ ပျော်ရွှင်နေတဲ့ အချိန်လေးကို လွမ်းတယ်လို့ဆိုတဲ့ ရွှေပိုးအိမ်”
CeleConnectionsပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ ပရဟိတလုပ်ငန်းတွေကို ကိုယ်တိုင်ပါဝင်လှူဒါန်းလေ့ရှိတဲ့ မင်းသမီးချောလေးရွှေပိုးအိမ်ကိုတော့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ရွှေပိုးအိမ်ကတော့ သူမရဲ့ ဝါသနာပါရာ အနုပညာအလုပ်ကိုလည်း လုပ်ကိုင်နေရင်း တစ်ဖက်တစ်လမ်းမှလည်း လိုအပ်နေတဲ့သူတွေကို တတ်နိုင်သလောက်လှူဒါန်းနေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ သူမဟာဆိုရင် ပရိသတ်တွေဆီက အချစ်မလျော့အောင်လည်း ကြိုးစားနေတဲ့သူတစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။
ကိုရိုနာရောဂါကြောင့် အိမ်မှာနေရင်း အပျင်းပြေ Tik tokလေးတွေဆော့ထားတဲ့ ဗီဒီယိုလေးတွေနဲ့ သူမရဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဧပြီလ(၁၃)ရက်နေ့မှာတော့ ရွှေပိုးအိမ်လေးကတော့”အမှန်အတိုင်းပြောရရင် လွမ်းတယ် သင်္ကြန်ဆို Goldian လေးတွေက ရန်ကုန်ရောက်လာကြပြီဒီလိုအချိန်ဆို စတုဒီသာအတွက် ချက်ပြုတ်နေကြပြီ နော်။အခုတော့ ကျွန်မ တစ်ယောက်တည်း ဟာတာတာနဲ့အတူရှိခဲ့တဲ့အချိန်မျိုးတွေမှာ အနားမှာမရှိတော့ရင်မနေတတ်ဘူး။ဒီ Virus ပြီးရင် ကမ်းခြေလိုက်ပို့ပေးနော်”လို့ဆိုကာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ နှစ်တိုင်းသင်္ကြန်ရောက်တိုင်းမှာ စတုဒီသာအတွက် အကုန်ဝိုင်းကူပြီ ပျော်ပျော်ရွှင်ရွှင်နဲ့ ချက်ပြုတ်ခဲ့တဲ့ အရာလေးကို သတိရလွမ်းနေတဲ့ အကြောင်းကို တင်ပေးလိုက်တာပါပဲနေ်ာ။
CeleConnections ပရိသတ်တွေအတွက် ရွှေပိုးအိမ်လေးရဲ့ သတိရလွမ်းဆွတ်နေတဲ့အကြောင်းကို     ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်နော်။   ပရိသတ်ကြီးကလည်း ရွှေပိုးအိမ်လိုဘဲ  သတိရစေမယ့် အရာ လေးတွေ  ရှိမယ်လို့လည်း ထင်ပါတယ်။
Soure… Shwe Poe Eain’s Facebook
Angella(CeleConnections)
error: Alert: Content is protected !!