


 

 


 

Source : KiKi
ယူနီကုတ်ဖြင့်ဖတ်ရန်

” ကြီးလာရင်ဆရာဝန်လုပ်မှာမို့ဆေးကျောင်းတက်ဖို့ပိုက်ဆံစုဈေးရောင်းနေတယ်ဆိုတဲ့ ဈေးသည်ကြီးကိကိရဲ့ ဗီဒီယိုဖိုင် ”

CeleConnections ပရိသတ်ကြီးရေ ကိကိကတော့ အမှတ်မထင် သူမမေမေနဲ့ ဆော့ကစားရင်း ဈေးရောင်းနေတဲ့ ဗီဒီယိုဖိုင်လေးကနေ ပရိသတ်တွေ လူသိများလာတာပဲ ဖြစ်ပါတယ်။ သူမရဲ့ အချက်ကျကျပြန်ပြောတ်တာတွေကြောင့် စကားတတ်လွန်းတဲ့ သူမကို ပရိသတ်တွေ အချစ်ပိုနေတာပဲ ဖြစ်ပါတယ်။

သူမရဲ့ ပင်ကိုယ်စကားလေး ဖြစ်တဲ့ ” အစ်မကလဲနော်” ဆိုတဲ့ စကားလေးကတော့ ပရိသတ်တွေကြားရေပန်းအစားဆုံးလို့ဆိုရမှာပါ။ပရိသတ်တွေသာမက အနုပညာရှင်တွေပါ ကိကိလေးရဲ့ ဗီဒီယိုဖိုင်လေးကို ရှယ်ကာ ချစ်ကြောင်းမှတ်ချက်တွေ အပေးခံနေရတဲ့ ဆယ်လီကလေးတစ်ယောက်ပဲ ဖြစ်တဲ့အပြင် အသက်ငယ်ငယ်လေးနဲ့ ဘာသာရေးကိုလည်း အခုအရွယ်ကတည်းက လိုက်စားနေတဲ့ သူလေးပဲ ဖြစ်ပါတယ်။

ကိကိလေးကိုချစ်လွန်းလို့ သူမရဲ့ ပရိသတ် Fan တွေကလည်း အများအပြားပါပဲနော်။ဒီနေ့မှာတော့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ” ဗိုင်းရပ်စ်တွေဖြစ်လို့ ဘဏ်မှာပိုက်ဆံသွားမထုတ်ဖြစ်တာောကာင့် ဈေးရောင်းနေတာဖြစ်ပြီး ကိကိလေးကတော့ ကြီးလာရင်ဆရာဝန်လုပ်မှာမို့ဆေးကျောင်းတက်ဖို့ပိုက်ဆံစုနေတယ်လို့ ” သူမရဲ့ချစ်စရာဗီဒီယိုဖိုင်လေးထဲမှာပြောထားတာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း ကိကိလေးရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီးသဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : KiKi
Candy -CeleConnections

error: Alert: Content is protected !!