

 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“၁၉၇၁ ခုနှစ်တည်းက အမှတ်တရ အရာလေးကို လွမ်းတယ်ဆိုတဲ့ မအေးသောင်း”

 

 

CeleConnections ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ မြန်မာဆန်ဆန်လေးတွေဝတ်လေ့ရှိတဲ့ မင်းသမီးချောလေး မအေးသောင်းကို အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ မအေးသောင်းကတော့ ဇာတ်ကားတိုင်းလိုလို ကာရိုက်တာပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် ဝါသနာပါရာအနုပညာအလုပ်ကိုပါလုပ်နေတဲ့အပြင် တခြားစီးပွားရေးလုပ်ငန်းကိုပါ လုပ်ကိုင်နေတဲ့ မင်းသမီးပဲဖြစ်ပါတယ်။

 

 

ကိုရိုနာရောဂါကြောင့် တကယ့်ကို လိုအပ်နေတဲ့သူတွေအတွက် သူမရဲ့ချွေးနှဲစာလေးနဲ့တတ်နိုင်သလောက်လေးကို အလှူဒါန်းလုပ်ဖြစ်ခဲ့တဲ့ပုံရိပ်လေးတွေနဲ့ အပျင်းပြေဆော့ထားတဲ့ Tik tokဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ မအေးသောင်းကတော့”၁၉၇၁ ခုနှစ်က သင်္ကြန်ပို့စကဒ်များသို လွမ်းခြင်း”လို့ဆိုကာ သူမရဲ့အမှတ်တရလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမဟာဆိုရင် အမှတ်တရလေးတွေကို သိမ်းဆည်းကာ လွမ်းတယ်ဆိုတဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။

 

CeleConnectionsပရိသတ်တွေအတွက် မအေးသောင်းရဲ့ အမှတ်တရပို့စကဒ်လေးတွေကို ပြန်လည်ပြီး မျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးကလည်း   မအေးသောင်းလိုဘဲ   အမှတ်တရဖြစ်စေမယ့်   အရာလေးတွေရှိကြမယ်ထင်ပါတယ်။

Soure…Aye Thaung’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!