ယူနီကုတ်ဖြင့်ဖတ်ရန်
” မြန်မာနှစ်သစ်သင်္ကြန်မှာ အိမ်မှာနေနေတဲ့ပရိသတ်တွေမပျင်းအောင် ပျော်စရာဗီဒီယိုဖိုင်လေးကိုဝေမျှခဲ့တဲ့ ကောင်းမြတ်စံ ”
CeleConnections ပရိသတ်ကြီးရေ ကောင်းမြတ်စံဟာ Forever Groupရဲ့ စင်တင်မင်းသားတစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာသူတစ်ယောက်ဖြစ်ပါတယ်။ မင်းသားချောလေးကောင်းမြတ်စံဟာ ပြုံးရယ်လိုက်တိုင်း ပါးချိုင့်လေးတွေနဲ့အတူ အပြစ်ကင်းတဲ့ အပြုံးမျက်နှာလေးကြောင့် ပရိသတ်ချစ်ခင်အားပေးမှုကို ရရှိနေသူတစ်ယောက်ပါ။
ကောင်းမြတ်စံဟာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးရာမှာလည်း ကျရာဇာတ်ရုပ်ကို အံဝင်ခွင်ကျသရုပ်ဆောင်နိုင်လို့ ပရိသတ်တွေက ချီးကျူးနေကြတာပါ။ ” ပျောက်ဆုံးနေသောအမှန်တရား” ဇာတ်လမ်းတွဲနဲ့လည်း ပရိသတ်အားပေးမှုကို တခဲနက်ထပ်မံရရှိခဲ့ပါသေးတယ်။
အနုပညာလောကမှာ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိနေပြီဖြစ်တဲ့ ကောင်းမြတ်စံကတော့” မြန်မာနှစ်သစ်သင်္ကြန်မှာ အိမ်မှာပဲနေပြီး ပျင်းနေကြမှာစိုးလို့ Happy Myanmar Thingyan Everyone ” ဆိုတဲ့ စာလေးနဲ့ ပျော်စရာဗီဒီယိုဖိုင်လေးကိုဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း ကောင်းမြတ်စံရဲ့ ဗီဒီယိုဖိုင်လေးကို သောကျရင်မှတ်ချ်တစ်ခုခုပေးခဲ့ပါဦးနော်။
Source : Kaung Myat San ‘s Facebook
Candy -CeleConnections
error: Alert: Content is protected !!