“ေခတ္ေရွ႕ေျပး ဖက္ရွင္ဘုရင္မ တစ္ေယာက္ဆိုတာကို သက္ေသျပလိုက္တဲ့ ျဖဴျဖဴေက်ာ္သိန္း”

အသံပါဝါအားေကာင္းေကာင္းနဲ႕ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ရရွိပိုင္ဆိုင္ထားတဲ့ နာမည္ႀကီး အဆိုေတာ္ ျဖဴျဖဴေက်ာ္သိန္းကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းနွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ ျဖဴျဖဴေက်ာ္သိန္းကေတာ့ အမိုက္စား သံစဥ္ စာသားေတြနဲ႕ ပရိသတ္ေတြရဲ႕ ရင္ကို လႈပ္ခတ္နိုင္သလို အမိုက္စားဖက္ရွင္ ဒီဇိုင္းေတြေၾကာင့္လည္း ပရိသတ္ေတြရဲ႕ ေဝဖန္မႈနဲ႕ အားေပးမႈေတြကို တစ္ၿပိဳင္နက္ ရရွိထားသူပဲျဖစ္ပါတယ္..။ ျဖဴျဖဴကေတာ့ ပြဲတစ္ပြဲတက္တိုင္း သီခ်င္းတစ္ပုဒ္ဆိုတိုင္းမွာ မတူတဲ့ ဖက္ရွင္အမိုက္စားေတြကို ပရိသတ္ေတြရဲ႕ အာရံုကို ဖမ္းစားနိုင္တဲ့ သူျဖစ္ၿပီး ျဖဴျဖဴရဲ႕ ဖက္ရွင္ေတြဟာ ေခတ္ေရွ႕ေျပးတဲ့ ဒီဇိုင္းဖက္ရွင္လို႕ ဆုိရင္ေတာင္ မွားမယ္  မထင္ပါဘူး..။

 

 

ဒီေန႕ ဧၿပီလ (၁၃)ရက္ေန႕မွာေတာ့ ျဖဴျဖဴက သူမရဲ႕ ဒီဇိုင္းဖက္ရွင္ေတြဟာ တကယ္ကို ေခတ္ေရွ႕ေျပးေနတဲ့ ဒီဇိုင္းဆိုတာကို “လြန္ခဲ့တဲ့ (၄) ႏွစ္တုန္းကအရမ္း troll ခံခဲ့ရတဲ့ style ေပါ့..။ ခုေတာ့အဆင္ေျပသြားၾကၿပီဟုတ္?ပုံPhyu Phyu The Futuristic” ဆုိၿပီး လြန္ခဲ့တဲ့(၄)နွစ္က ပြဲတစ္ပြဲမွာ သီဆိုခဲ့တဲ့ ပံုရိပ္ေလးနဲ႕အတူ သူမရဲဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့တာပါ..။ လြန္ခဲ့တဲ့ (၄)နွစ္က ေရွ႕ဆံပင္ အေပၚတိုတက္ေနတဲ့ အမိုက္စား ဆံပင္ပံုစံေလးနဲ႕ ရဲရဲနီေနတဲ့ ဝတ္စံုေလး ဝတ္ဆင္ကာ အမိုက္စားေဖ်ာ္ေျဖခဲ့တဲ့ ပုံပဲျဖစ္ပါတယ္..။

 

 

 

ဆံပင္စတိုင္ဖက္ရွင္ အတိုေလးကို ထားခဲ့တဲ့ ျဖဴျဖဴရဲ႕ ဖက္ရွင္က အခု (၂၀၂၀)မွာေတာ့ မိန္းကေလး ပရိသတ္ေတြရဲ႕ အႀကိဳက္ဆံုး ဆံပင္ပံုစံေလးျဖစ္လို႕ေနတာပဲျဖစ္ပါတယ္..။ ျဖဴျဖဴကေတာ့ တကယ့္ကို ေခတ္ေရွ႕ေျပးတဲ့ ဒီဇိုင္းဖက္ရွင္ ဘုရင္မပါပဲေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးလည္း ေခတ္ေရွ႕ေျပးတဲ့ ဖက္ရွင္ဘုရင္မ ျဖဴျဖဴေက်ာ္သိန္းကို အားေပးရင္ မွတ္ခ်က္ေလးေတြ ေရးေပးခဲ့ၾကပါဦးေနာ္.။
Source: PhyuPhyuKyawThein’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“ခေတ်ရှေ့ပြေး ဖက်ရှင်ဘုရင်မ တစ်ယောက်ဆိုတာကို သက်သေပြလိုက်တဲ့ ဖြူဖြူကျော်သိန်း”

အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ နာမည်ကြီး အဆိုတော် ဖြူဖြူကျော်သိန်းကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ဖြူဖြူကျော်သိန်းကတော့ အမိုက်စား သံစဉ် စာသားတွေနဲ့ ပရိသတ်တွေရဲ့ ရင်ကို လှုပ်ခတ်နိုင်သလို အမိုက်စားဖက်ရှင် ဒီဇိုင်းတွေကြောင့်လည်း ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ အားပေးမှုတွေကို တစ်ပြိုင်နက် ရရှိထားသူပဲဖြစ်ပါတယ်..။ ဖြူဖြူကတော့ ပွဲတစ်ပွဲတက်တိုင်း သီချင်းတစ်ပုဒ်ဆိုတိုင်းမှာ မတူတဲ့ ဖက်ရှင်အမိုက်စားတွေကို ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ သူဖြစ်ပြီး ဖြူဖြူရဲ့ ဖက်ရှင်တွေဟာ ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းဖက်ရှင်လို့ ဆိုရင်တောင် မှားမယ် မထင်ပါဘူး..။

ဒီနေ့ ဧပြီလ (၁၃)ရက်နေ့မှာတော့ ဖြူဖြူက သူမရဲ့ ဒီဇိုင်းဖက်ရှင်တွေဟာ တကယ်ကို ခေတ်ရှေ့ပြေးနေတဲ့ ဒီဇိုင်းဆိုတာကို “လွန်ခဲ့တဲ့ (၄) နှစ်တုန်းကအရမ်း troll ခံခဲ့ရတဲ့ style ပေါ့..။ ခုတော့အဆင်ပြေသွားကြပြီဟုတ်?ပုံPhyu Phyu The Futuristic” ဆိုပြီး လွန်ခဲ့တဲ့(၄)နှစ်က ပွဲတစ်ပွဲမှာ သီဆိုခဲ့တဲ့ ပုံရိပ်လေးနဲ့အတူ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပါ..။ လွန်ခဲ့တဲ့ (၄)နှစ်က ရှေ့ဆံပင် အပေါ်တိုတက်နေတဲ့ အမိုက်စား ဆံပင်ပုံစံလေးနဲ့ ရဲရဲနီနေတဲ့ ဝတ်စုံလေး ဝတ်ဆင်ကာ အမိုက်စားဖျော်ဖြေခဲ့တဲ့ ပုံပဲဖြစ်ပါတယ်..။

ဆံပင်စတိုင်ဖက်ရှင် အတိုလေးကို ထားခဲ့တဲ့ ဖြူဖြူရဲ့ ဖက်ရှင်က အခု (၂၀၂၀)မှာတော့ မိန်းကလေး ပရိသတ်တွေရဲ့ အကြိုက်ဆုံး ဆံပင်ပုံစံလေးဖြစ်လို့နေတာပဲဖြစ်ပါတယ်..။ ဖြူဖြူကတော့ တကယ့်ကို ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းဖက်ရှင် ဘုရင်မပါပဲနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ခေတ်ရှေ့ပြေးတဲ့ ဖက်ရှင်ဘုရင်မ ဖြူဖြူကျော်သိန်းကို အားပေးရင်   မှတ်ချက်လေးတွေ ရေးပေးခဲ့ကြပါဦးနော်.။
Source: PhyuPhyuKyawThein’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!