

 

 


 

 

Soure… Nay Ye’s Facebook
ယူနီကုဒ်ဖြင့်ဖတ်ရန်

“အိမ်ထဲမှာနေရင်း သင်္ကြန်လျှောက်လည်တယ်ဆိုတဲ့ နေရဲတို့မောင်နှမနှစ်ယောက်ရဲ့ ဟာသဗီဒီယိုဖိုင်လေး”

 

 

မြန်မာနိုင်ငံရဲ့နာမည်ကျော်ဇာတ်ပို့သရုပ်ဆောင်တွေထဲကမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ ခင်လှိုင်ကိုတော့ ပရိသတ်တွေရင်းနှီးပြီးလောက်မယ်ထင်ပါတယ်။ ခင်လှိုင်ရဲ့ သားနေရဲနဲ့ သမီးသဇင်ထူးမြင့်တို့ကလည်း ဖခင်ရဲ့ခြေရာအတိုင်း အနုပညာလမ်းကို လျှောက်လှမ်းရင်း ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားတဲ့သူတွေဆိုလည်း မမှားလောက်ပါဘူးနော်။ နေရဲကတော့ ပရိသတ်တွေအတွက် သရုပ်ဆောင်မှုပိုင်းမှာလည်း အကောင်းဆုံးကြိုးစားနေတဲ့သူပဲဖြစ်ပါတယ်။

 

ကိုရိုနာရောဂါကြောင့် အိမ်ထဲမှာနေရင်း မောင်နှမနှစ်ယောက်ရဲ့ ဆေးထိုးမှုပုံရိပ်လေးတွေကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ကိုဗစ်ကြောင့် ဒီနှစ်မှာ သင်္ကြန်မလုပ်ရတော့ပေမယ့် အိမ်ထဲမှာဘဲ မိသားစုသင်္ကြန်လေးလုပ်ကာ ပျော်ရွှင်နေကြပါတယ်။ ဒီနေ့မှာတော့ နေရဲကတော့ “မောင်နှမနှစ်ယောက် သင်္ကြန်လည်နေကြတယ်”ဆိုတဲ့ ဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ မောင်နှမနှစ်ယောက်ကြောင့် ပျော်နေတဲ့ အပျော်လေးတွေကို ပရိသတ်တွေဆီကူးစေချင်တဲ့ အနေနဲ့ တင်ပေးလိုက်တာပါပဲနော်။

CeleConnectionsပရိသတ်တွေအတွက်   နေရဲတို့မောင်နှမနှစ်ယောက်ရဲ့ဗီဒီယိုဖိုင်လေးကို    ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။  ပရိသတ်ကြီးကလည်း   နေရဲတို့မောင်နှမနှစ်ယောက်ရဲ့ဗီဒီယိုလေးကို ကြည့်ပြီး     အပျော်တွေကူး  စက်ကြမယ်လို့လည်း    ထင်ပါတယ်။

Soure… Nay Ye’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!