“အခုအခြေအနေလေးမှာ မနက်နိုးထလာတိုင်း အသက်ရှုပြီး ရှင်သန်ခွင့်ရနေတာကို ကျေှးဇူးတင်နေမိတယ်ဆိုတဲ့ ခင်လေးနွယ်”


 

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“အခုအခြေအနေလေးမှာ မနက်နိုးထလာတိုင်း အသက်ရှုပြီး ရှင်သန်ခွင့်ရနေတာကို ကျေးှဇူးတင်နေမိတယ်ဆိုတဲ့ ခင်လေးနွယ်”

သဘာဝဆန်ဆန် ရိုးရှင်းစွာ လှပတဲ့ မင်းသမီးချောလေး ခင်လေးနွယ်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး ရိုးရိုးရှင်းရှင်းလေးသာ နေတတ်တဲ့ သူမရဲ့ အပြုအမူလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုနေရတဲ့ သူပါ..။ လက်ရှိမှာ ချစ်ရသူနဲ့အတူတူ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေပေမယ့် ချစ်ရတဲ့ ပရိသတ်တွေအတွက် သူမရဲ့ တစ်နေ့တာပုံရိပ်လေးတွေကို တင်လေ့ရှိပါတယ်..။

ဒီနေ့ ဧပြီလ (၁၃)ရက်နေ့မှာတော့ ခင်လေးနွယ်က “မနက်မိုးလင်းလာလို့ အော်… ငါကောင်းမွန်စွာ အသက်ရှူခွင့်ရနေသေးတယ်ဆိုပြီး ကျေးဇူးတော်ချီးမွမ်းနေရပြီ… ဘုရားကိုလဲ ပိုချစ်တတ်လာတယ်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ဗိုင်းရပ်စ်ပိုးကြောင့် ထိတ်လန့်စိတ်ပူနေကြရပြီး သူမကိုယ်တိုင်လည်း အိမ်မှာပဲ နေထိုင်နေရတဲ့ အချိန်မှာ တွေးမိတဲ့ အတွေးလေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော်..။

ခင်လေးနွယ်ကတော့ အခုချိန်မှာ မနက်နိုးထပြီး အသက်ရှင်နေရတာကိုက ကျေးဇူးတင်ရတဲ့ အချိန်လေးဖြစ်ပြီး ပျော်ရွှင်ပေါ့ပါးတဲ့ စိတ်လေးနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနေတဲ့ပုံပါပဲနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ခင်လေးနွယ်လိုပဲ စိတ်ကို ပေါ့ပေါ့ပါးပါးထားကာ အိမ်မှာနေရတဲ့ အချိန်လေးမှာ အကောင်းဆုံး   ဖြတ်သန်းကာ    နေထိုင်နိုင်ကြပါစေနော်..။
Source: Khin Lay Nwe’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!