

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

သင်္ကြန်အကြိုနေ့ညလေးမှာ အိမ်မှာပဲ မုန့်တွေလုပ်စားရင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစု

မင်းသမီးချော အိန္ဒြာကျော်ဇင်နဲ့ မင်းသားချော ပြေတီဦးတို့က အနုပညာလမ်းမပေါ်မှာ အောင်မြင်မှုတွေ အသီးသီး ဆွတ်ခူးနေကြသလို ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က ချစ်စရာကောင်းတဲ့ သားနဲ့သမီးကို ပြုစုပျိုးထောင်ရင်း ပရိသတ်အတွက် အနုပညာလုပ်ငန်းတွေကို ကြိုးစားပြီးလုပ်ကိုင်နေတဲ့ ဇနီးမောင်နှံလေးပဲ ဖြစ်ပါတယ်။

မနေ့က သင်္ကြန်အကြိုနေ့ညလေးမှာတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က မိသားစုတွေနဲ့ အိမ်မှာပဲ ဖြတ်သန်းခဲ့ကြပါတယ်။ သင်္ကြန်အကြိုနေ့ညလေးကို မုန့်တွေလုပ်စားရင်း ဖြတ်သန်းနေကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

သင်္ကြန်အကြိုနေ့လေးကတော့ ပြီးဆုံးသွားပြီဖြစ်ပြီး ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ကတော့ အိမ်မှာသာ နေရင်း မိသားစုအချိန်လေးကို ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော မနေ့က သင်္ကြန်အကြိုနေ့လေးမှာ ဘာတွေလုပ်ဖြစ်ခဲ့လဲ ပြောပြခဲ့ပါဦး။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections

error: Alert: Content is protected !!