

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

သင်္ကြန်အကျနေ့မှာ မေမေလင်းဇာနည်ဇော်၊ ဘကြီးမိုက်တီးတို့နဲ့ အတူတူ ပျော်ရွှင်ခဲ့တဲ့ မြူလင်းကိုကို

သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ တစ်ဦးတည်းသောသမီးလေးဖြစ်တဲ့ မြူလင်းကိုကိုက မိခင်ဖြစ်သူလိုပဲ ချစ်စရာကောင်းပြီး အရုပ်လေးလို လှပတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။ မြူလင်းကိုကိုက သြစတေးလျမှာ ကျောင်းတက်နေတာဖြစ်ပြီး ကျောင်းပိတ်ရက်မှာတော့ မွေးရပ်မြေ မြန်မာပြည်ကို ပြန်လည်ရောက်ရှိနေပြီး မိသားစုနဲ့ အချိန်ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ သင်္ကြန်အကျနေ့မှာတော့ မြူလင်းကိုကိုက မေမေ လင်းဇာနည်ဇော်၊ ဘဘ မိုက်တီး၊ ကြီးကြီး ချစ်ချစ်ဇော်တို့နဲ့အတူတူ အိမ်မှာပဲ စားသောက်ရင်း အချိန်တွေ ကုန်ဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မြူလင်းကိုကိုတို့ မိသားစုရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

လင်းဇာနည်ဇော်ကလည်း သမီးလေး အနားမှာရှိလို့ တော်တော်လေး ဝမ်းသာနေတယ် ထင်ပါတယ်။ ပရိသတ်ကြီးလည်း လင်းဇာနည်ဇော်တို့ မိသားစုပုံရိပ်လေးကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ်လို့ မျှော်လင့်ပါတယ်။

Source: Myu Linn Ko Ko’s fb
Bilie – Cele Connections

error: Alert: Content is protected !!