

 

 


 

 


 

 

Source: Nay Ye’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

သင်္ကြန်အကျနေ့မှာ ပျော်ပျော်ပါးပါး မုန့်လုံးရေပေါ်တွေလုံးနေကြတဲ့ ခင်လှိုင်တို့မိသားစုရဲ့ ကြည်နူးစရာမြင်ကွင်း

နာမည်ကြီး ဇာတ်ပို့သရုပ်ဆောင် ခင်လှိုင်က သူ့ရဲ့ အနုပညာအမွေတွေကို သားလတ် နေရဲနဲ့ သမီးငယ် သဇင်ထူးမြင့်ဆီကို လက်ဆင့်ကမ်းထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာမိသားစုလို့ ဆိုရမယ့် ခင်လှိုင်တို့ မိသားစုက တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ ရင်းရင်းနှီးနှီးရှိကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ခင်လှိုင်တို့ တစ်မိသားစုလုံးကို ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။

ဒီကနေ့ သင်္ကြန်အကျနေ့မှာတော့ ခင်လှိုင်၊ နေရဲနဲ့ သဇင်ထူးမြင့်တို့ သားအဖတွေက အိမ်မှာပဲ ရေဆော့ပြီး ပျော်ပျော်ပါးပါး မုန့်လုံးရေပေါ်တွေလုံးနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ကြည်နူးစရာကောင်းတဲ့ ခင်လှိုင်တို့ မိသားစုပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

ခင်လှိုင်ကတော့ အပြင်မထွက်ရပေမယ့် အိမ်မှာပဲ သားတွေ သမီးတွေနဲ့ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်္ကြန်အကျနေ့လေးကို အိမ်မှာပဲ မိသားစုနဲ့ ပျော်ရွှင်စွာ ကုန်ဆုံးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Nay Ye’s fb
Bilie – Cele Connections

error: Alert: Content is protected !!