

 

 


 

 


 

 

Source: Moe Sithu Kyaw
ယူနီကုတ်ဖြင့်ဖတ်ရန်

” သကြန်အကျနေ့မှာ အိမ်မှာနေကာ မိသားစုလိုက် မုန့်လုပ်စားကာရေဆော့မယ် ဆိုတဲ့ မိုးမိုး”

CeleConnectionsပရိသတ်ကြီးရေ အဆိုတော်မိုးမိုးကတော့ ပရိသတ်တွေရင်ထဲကို ဆယ်စုနှစ်တစ်ခုအကျော်ထဲက ဝင်ရောက်ခဲ့တဲ့ နိုင်ငံကျော်အဆိုတော်တစ်ဦးပါ။ သူရဲ့ကျော်ကြားတဲ့သီချင်းတွေထဲက “အသက်လေးဆယ် ” သီချင်းဟာလည်း ပရိသတ်တွေအသက်အရွယ်မရွေးယခုချိန်ထိပါးစပ်ဖျားမှာစွဲစေတဲ့သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင်ယခုဖြစ်ပွားလျက်ရှိတဲ့ Covid 19 နဲ့ပတ်သက်ပြီး ထိပ်ဆုံးကနေ ဆောင်ရန်ရှောင်ရန်အပြင် တကျမှန်ကန်တဲ့သတင်းတွေကိုဝေမျှလျက်ရှိတဲ့ အနုပညာရှင်တစ်ဦးပါ။အမြဲပျော်ရွှင်ရယ်မောပေါ့ပါးစွာနေတတ်တဲ့ မိုးမိုးကတော့ လက်ရှိမှာ ချစ်စရာကောင်းတဲ့ သားနဲ့သမီးကို ပိုင်ဆိုင်ထားကာ ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ” ဒီရိပ်မှာ လာပါ နားပါမုန့်လုံးရေပေါ်တွေ စားကြ
အကျနေ့ – မုန့်လုံးရေပေါ် လုပ်စားကြ ညနေ ရေဆော့ကြမယ် “ဆိုတဲ့စာလေးနဲ့အတူ မိသာစုလိုက်မုန့်လုံးရေပေါ်လုံးနေတဲ့ ပျော်စရာမိသားစုပုံရိပ်လေးကိုဝေမျှလာတာပဲ ဖြစ်ပါတယ်။ CeleConnectionsပရိသတ်ကြီးလည်း စိတ်ချမ်းသာစရာကောင်းလှတဲ့ မိုးမိုးတို့မိသားစုလေးကို ချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: Moe Sithu Kyaw
Candy -CeleConnections

error: Alert: Content is protected !!