“သူရဲ႕အေဖရက္လည္အတြက္ ကုသုိလ္ေကာင္းမႈျပုခ်င္တာေတာင္ ျပုခြင့္မရွိတဲ့ အေျခေနေၾကာင့္ စိတ္မေကာင္းျဖစ္ေနတဲ့ နိုင္းဝမ္း”

ျမန္မာႏိုင္ငံရဲ႕နာမည္ေက်ာ္Rapအဆိုေတာ္တစ္ဦးျဖစ္တဲ့ ႏိုင္းဝမ္းနဲ႔ ပရိသတ္ေတြရင္းႏွီးၿပီးေလာက္မယ္ထင္ပါတယ္။ ႏိုင္းဝမ္းကေတာ့ ပရိသတ္ေတြရင္ထဲထိစြဲေစမယ့္ အဆိုေတာ္တစ္လက္ဆိုလည္းမမွားေလာက္ပါဘူးေနာ္။ သူရဲ႕သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ “နင္သာရွိရင္”သီခ်င္းကေတာ့ ပရိသတ္ေတြၾကားမွာ   အခုခ်ိန္ထိကို ေ ရပန္းစားေအာင္ျမင္ေက်ာ္ၾကားေနတဲ့  သီခ်င္းတစ္ပုဒ္ပဲျဖစ္ပါတယ္။

 

 

ႏိုင္းဝမ္းကေတာ့ ကို႐ိုနာနဲ႔ပတ္သက္ၿပီးဗဟုသုတစာမ်ားႏွင့္ အမွတ္တရပုံရိပ္ေလးေတြကို သူရဲ႕လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္ေပးေလ့ရွိပါတယ္။ ဧၿပီလ(၁၃)ရက္ေန႔မွာ ႏိုင္းဝမ္းက”ျမန္မာလူမ်ိဳးသၾကၤန္ပိုးေတြအတြက္ေတာ့ အခုလိုအခ်ိန္အခါမွာ အိမ္ထဲအိမ္ျပင္ေတာင္မထြက္ရလို႔စိတ္ညစ္ေနၾကရေပမဲ့ ကြၽန္ေတာ့အတြက္ေတာ့ သၾကၤန္ဆိုရင္ ငယ္ငယ္ေလးကတည္းက သိပ္မေပ်ာ္တတ္လို႔လားေတာ့မသိ၊ အခုလို အိမ္ျပင္မထြက္ပဲေနဆိုေတာ့လဲ အိမ္ထဲမွာပဲအဆင္ေျပေနပါတယ္…သၾကၤန္ဆို ေသာက္ၾကမူးၾကရန္ျဖစ္ၾကတာေတြမျမင္ခ်င္လို႔ ငယ္ငယ္ကတည္းကသိပ္မေပ်ာ္ျဖစ္ခဲ့ဘူး..ၿပီးေတာ့ သၾကၤန္ကာလက ကြၽန္ေတာ္တို႔မိသားစုအတြက္ ကံဆိုးျခင္းေတြ ခဏခဏဝင္တတ္လြန္းလို႔ပါ..ဒါထက္ပိုဆိုးတာက သၾကၤန္တြင္းမွာ ကြၽန္ေတာ့အေဖ ကြၽန္ေတာ္သီခ်င္းဆိုတဲ့မ႑ပ္ကိုလာၾကည့္ၿပီးအျပန္ ယာဥ္မေတာ္တဆျဖစ္ၿပီးဆုံးသြားရွာေလေတာ့ သၾကၤန္ဆိုတာႀကီးကို ပိုၿပီးေၾကာက္တတ္လာခဲ့တာ အခုဆို ၇ႏွစ္ေတာင္ရွိခဲ့ပါၿပီ…အဲဒါေၾကာင့္ အဆိုေတာ္ျဖစ္လာခဲ့တဲ့အခ်ိန္ကစလို႔ သၾကၤန္ဆိုရင္ ေဖ်ာ္ေျဖေပးဖို႔တာဝန္က်တဲ့မ႑ပ္ေပၚမွာ ပရိတ္သတ္ေတြေပ်ာ္ေအာင္ စိတ္ေရာကိုယ္ပါအတတ္ႏိုင္ဆုံးအားခဲၿပီး အေကာင္းဆုံးသီဆိုေဖ်ာ္ေျဖေပးဖို႔၊ မိသားစုအတြက္ေငြရွာႏိုင္ဖို႔၊ သၾကၤန္ေနာက္ဆုံးေန႔ အေဖ့ရက္လည္ေန႔အတြက္ အလႉလုပ္ေပးႏိုင္ဖို႔ဆိုတဲ့စိတ္ကေလးနဲ႔ပဲ ႏွစ္စဥ္ႏွစ္တိုင္းသၾကၤန္ကိုျဖတ္သန္းျဖစ္ခဲ့ပါတယ္။ဒီႏွစ္ကေတာ့ ဒီကပ္ေရာဂါဆိုးေၾကာင့္ ကြၽန္ေတာ္ဝါသနာပါတဲ့အလုပ္ကိုလဲမလုပ္ရ၊ ကြၽန္ေတာ္ခ်စ္တဲ့ပရိတ္သတ္ေတြနဲ႔လဲမဆုံရ၊ အေဖ့အတြက္ ရက္လည္ေန႔မွာကုသိုလ္ေကာင္းမႈျပဳေပးခ်င္တာေတာင္ အိမ္ျပင္ထြက္မရတဲ့အျဖစ္ေၾကာင့္ ေတာ္ေတာ္ေလးစိတ္မေကာင္းျဖစ္မိတယ္ဗ်ာ။ဒါေတြေၾကာင့္လဲ အခုသၾကၤန္တစ္တြင္းလုံး အိမ္ထဲမွာပဲ လိမ္လိမ္မာမာေနရင္း သတၱဝါအားလုံး ေဘးရန္ခပ္သိမ္းကင္းၿငိမ္းၿပီးေတာ့ ဆင္းရဲဒုကၡေတြအျမန္ဆုံးလြတ္ေျမာက္ေစႏိုင္ဖို႔ ဆုေတာင္းေမတၱာပို႔ေပးေနပါတယ္ေနာ္ႏွစ္ေဟာင္းကုန္လို႔ ႏွစ္သစ္ကိုေရာက္တာနဲ႔ ကပ္ေဘးဒုကၡမ်ားမွ အျမန္ဆုံးလြတ္ေျမာက္ႏိုင္ၾကပါေစခင္ဗ်ာ”လို႕ဆိုကာ သူရဲ႕လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့တာပဲျဖစ္ပါတယ္။

 

 

CeleConnections ပရိသတ္ေတြအတြက္ နုိင္းဝမ္းရဲ႕ခံစားခ်က္ေလးနဲ႕ ဆုေတာင္းမႈေလးကို ျပန္လည္ျပီးမွ်ေဝေပးလိုက္ပါတယ္။ နိုင္းဝမ္းရဲ႕ ဆုမြန္ေတာင္းမႈေၾကာင့္ ပရိသတ္ႀကီးလည္း ေဘးရန္ခပ္သိမ္းကင္းျငိမ္းၾကပါေစေနာ္။

Soure…. Kyaw Zin Latt’s Facebook
Angella(CeleConnections)
ယူနီကုဒ္ျဖင့္ဖတ္ရန္

“သူရဲ့အဖေရက်လည်အတွက် ကုသိုလ်ကောင်းမှုပြုချင်တာတောင် ပြုခွင့်မရှိတဲ့ အခြေနေကြောင့် စိတ်မကောင်းဖြစ်နေတဲ့ နိုင်းဝမ်း”

မြန်မာနိုင်ငံရဲ့နာမည်ကျော်Rapအဆိုတော်တစ်ဦးဖြစ်တဲ့ နိုင်းဝမ်းနဲ့ ပရိသတ်တွေရင်းနှီးပြီးလောက်မယ်ထင်ပါတယ်။ နိုင်းဝမ်းကတော့ ပရိသတ်တွေရင်ထဲထိစွဲစေမယ့် အဆိုတော်တစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ သူရဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့ “နင်သာရှိရင်”သီချင်းကတော့ ပရိသတ်တွေကြားမှာ အခုချိန်ထိကို ရေပန်းစားအောင်မြင်ကျော်ကြားနေတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

 

နိုင်းဝမ်းကတော့ ကိုရိုနာနဲ့ပတ်သက်ပြီးဗဟုသုတစာများနှင့် အမှတ်တရပုံရိပ်လေးတွေကို သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဧပြီလ(၁၃)ရက်နေ့မှာ နိုင်းဝမ်းက”မြန်မာလူမျိုးသင်္ကြန်ပိုးတွေအတွက်တော့ အခုလိုအချိန်အခါမှာ အိမ်ထဲအိမ်ပြင်တောင်မထွက်ရလို့စိတ်ညစ်နေကြရပေမဲ့ ကျွန်တော့အတွက်တော့ သင်္ကြန်ဆိုရင် ငယ်ငယ်လေးကတည်းက သိပ်မပျော်တတ်လို့လားတော့မသိ၊ အခုလို အိမ်ပြင်မထွက်ပဲနေဆိုတော့လဲ အိမ်ထဲမှာပဲအဆင်ပြေနေပါတယ်…သင်္ကြန်ဆို သောက်ကြမူးကြရန်ဖြစ်ကြတာတွေမမြင်ချင်လို့ ငယ်ငယ်ကတည်းကသိပ်မပျော်ဖြစ်ခဲ့ဘူး..ပြီးတော့ သင်္ကြန်ကာလက ကျွန်တော်တို့မိသားစုအတွက် ကံဆိုးခြင်းတွေ ခဏခဏဝင်တတ်လွန်းလို့ပါ..ဒါထက်ပိုဆိုးတာက သင်္ကြန်တွင်းမှာ ကျွန်တော့အဖေ ကျွန်တော်သီချင်းဆိုတဲ့မဏ္ဍပ်ကိုလာကြည့်ပြီးအပြန် ယာဉ်မတော်တဆဖြစ်ပြီးဆုံးသွားရှာလေတော့ သင်္ကြန်ဆိုတာကြီးကို ပိုပြီးကြောက်တတ်လာခဲ့တာ အခုဆို ၇နှစ်တောင်ရှိခဲ့ပါပြီ…အဲဒါကြောင့် အဆိုတော်ဖြစ်လာခဲ့တဲ့အချိန်ကစလို့ သင်္ကြန်ဆိုရင် ဖျော်ဖြေပေးဖို့တာဝန်ကျတဲ့မဏ္ဍပ်ပေါ်မှာ ပရိတ်သတ်တွေပျော်အောင် စိတ်ရောကိုယ်ပါအတတ်နိုင်ဆုံးအားခဲပြီး အကောင်းဆုံးသီဆိုဖျော်ဖြေပေးဖို့၊ မိသားစုအတွက်ငွေရှာနိုင်ဖို့၊ သင်္ကြန်နောက်ဆုံးနေ့ အဖေ့ရက်လည်နေ့အတွက် အလှူလုပ်ပေးနိုင်ဖို့ဆိုတဲ့စိတ်ကလေးနဲ့ပဲ နှစ်စဉ်နှစ်တိုင်းသင်္ကြန်ကိုဖြတ်သန်းဖြစ်ခဲ့ပါတယ်။ဒီနှစ်ကတော့ ဒီကပ်ရောဂါဆိုးကြောင့် ကျွန်တော်ဝါသနာပါတဲ့အလုပ်ကိုလဲမလုပ်ရ၊ ကျွန်တော်ချစ်တဲ့ပရိတ်သတ်တွေနဲ့လဲမဆုံရ၊ အဖေ့အတွက် ရက်လည်နေ့မှာကုသိုလ်ကောင်းမှုပြုပေးချင်တာတောင် အိမ်ပြင်ထွက်မရတဲ့အဖြစ်ကြောင့် တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်ဗျာ။ဒါတွေကြောင့်လဲ အခုသင်္ကြန်တစ်တွင်းလုံး အိမ်ထဲမှာပဲ လိမ်လိမ်မာမာနေရင်း သတ္တဝါအားလုံး ဘေးရန်ခပ်သိမ်းကင်းငြိမ်းပြီးတော့ ဆင်းရဲဒုက္ခတွေအမြန်ဆုံးလွတ်မြောက်စေနိုင်ဖို့ ဆုတောင်းမေတ္တာပို့ပေးနေပါတယ်နော်နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုရောက်တာနဲ့ ကပ်ဘေးဒုက္ခများမှ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ”လို့ဆိုကာ သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

 

CeleConnections ပရိသတ်တွေအတွက်   နိုင်းဝမ်းရဲ့ခံစားချက်လေးနဲ့ ဆုတောင်းမှုလေးကို  ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။  နိုင်းဝမ်းရဲ့  ဆုမွန်တောင်းမှုကြောင့် ပရိသတ်ကြီးလည်း    ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေနော်။

Soure…. Kyaw Zin Latt’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!