

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“သူမရဲ့ မိတ်ဆွေသူငယ်ချင်းများနဲ့ ပူးပေါင်းကာ ဝေဘာဂီဆေးရုံမှ ဆေးဝန်ထမ်းများအတွက် တတ်နိုင်သလောက် လှူဒါန်းမှု ပြုလုပ်ခဲ့တဲ့ ပိုပို”

“ဘာမှမလိုဘူး” သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေး ပိုပိုကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ပိုပိုဟာ ကိုယ်ပိုင်သံစဉ် ကိုယ်ပိုင်စာသားတွေနဲ့ ပရိသတ်တွေရဲ့ ရင်ကို သိမ်းပိုက်ထားခဲ့တဲ့သူလို့ ပြောရင်မှားမယ် မထင်ပါဘူး..။ ပိုပိုကတော့ အနုပညာနဲ့ ပတ်သက်ရင် ရူးသွပ်ပြီး သူမရဲ့ ဂီတအနုပညာအရည်အချင်းတွေကို ပိုတိုးအောင် ကြိုးစားလုပ်ကိုင်တဲ့သူပါ..။

အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်ရင်း သူမတတ်နိုင်သလောက်ကိုလည်း အလှူဒါနကုသိုလ်တွေကို ပြုလုပ်လှူဒါန်း လုပ်ဆောင်တတ်သူပဲဖြစ်ပါတယ်..။ ဒီနေ့ ဧပြီလ (၁၃)ရက်နေ့မှာလည်း ပိုပိုက သူမနဲ့ သူငယ်ချင်းများ အတူ ပူးပေါင်းပါဝင်တဲ့ အလှူလေးတစ်ခု ပြုလုပ်နိုင်ခဲ့တဲ့ အကြောင်းလေးကို “မိတ်ဆွေ ရဲ့ စေတနာ များကြောင့် ဝေဘာဂီက ဆေးဝန်ထမ်းများကို လှူခွင့်ရခဲ့ပါတယ်.။ ပြည်သူတွေ အတွက် အမြဲတမ်းရှိနေပေးတဲ့ ဆေးဝန်ထမ်းများကို ကျေးဇူးပါ Fighting ပါနော်..။” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ပိုပိုကတော့ သူမရဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပူးပေါင်းကာ ဝေဘာဂီ ဆေးရုံမှာ တာဝန်ကျ လုပ်ဆောင်နေတဲ့ ဆေးဝန်ထမ်းများအတွက် ထမင်း၊ဟင်း ပွဲ (၁၅၀)၊ ရေသန့်ဗူး (၁၂၀)ဗူးကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်..။ ပိုပိုကတော့ သူမမိတ်ဆွေများ ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆေးဝန်ထမ်းများအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီနိုင်ခဲ့တာကြောင့် ပျော်ရွှင် ကြည်နူးမဆုံးဖြစ်နေမယ်ဆိုတာ အသေအချာပါပဲနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ပိုပိုနဲ့ သူမရဲ့ မိတ်ဆွေသူငယ်ချင်းများ ပူးပေါင်းပါဝင်လှူဒါန်းတဲ့ အလှူလေးအတွက်ကိုလည်း သာဓု  ခေါ်ဆိုသွားကြပါဦးနော်..။
Source:ပိုပို’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!