

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

လွန်ခဲ့တဲ့ (၃)နှစ်က သင်္ကြန်မှာအတူတူဖျော်ဖြေပေးခဲ့တဲ့ မင်းသမီးကြီး မေသန်းနုကို သတိရနေတဲ့ ပိုးကြာဖြူခင်

“ဆိုင်းမိုင်” ဆိုတဲ့ ကာရိုက်တာနဲ့ လူသိများလာခဲ့တဲ့ MRTV 4 ဇာတ်လမ်းတွဲမင်းသမီးလေး ပိုးကြာဖြူခင်ကို အားလုံးချစ်ခင်အားပေးကြမယ် ထင်ပါတယ်။ ပိုးကြာဖြူခင်က ဇာတ်လမ်းတွဲတွေကို အများဆုံးသရုပ်ဆောင်ခဲ့ပြီး နယ်ပရိသတ်၊ မြို့ပရိသတ်တွေ အားလုံးရဲ့ အားပေးမှုကို ရရှိခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ကလည်း သူမရဲ့ ပရိသတ်တွေအတွက် ဇာတ်လမ်းတွေသာမက ကြော်ငြာတွေပါ ရိုက်ကူးနေတာ ဖြစ်ပါတယ်။

အခုလို သင်္ကြန်ရက်တွေမှာတော့ ပိုးကြာဖြူခင်က သူမရဲ့ အရင်နှစ်တွေတုန်းက အမှတ်တရတွေကို ပြန်လည်သတိရနေတာပဲ ဖြစ်ပါတယ်။ ထိုထဲကမှ အကယ်ဒမီ မေသန်းနုနဲ့ မြို့တော်ခန်းမမှာ အတူတူဖျော်ဖြေခဲ့တဲ့ပုံလေးကိုကြည့်ရင်း “ဪ ….. လွန်ခဲ့တဲ့ ၃ နှစ်တဲ့ 😞 လွမ်းတယ် အန်တီ” ဆိုပြီး သတိရစကားလေး ပြောထားပါတယ်။

ပိုးကြာဖြူခင်ကတော့ သူမနဲ့ အမှတ်တရတွေ ရှိခဲ့ဖူးတဲ့ အကယ်ဒမီ မေသန်းနုကို သတိရအောက်မေ့နေတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Poe Kyar Phyu Khin’s fb
Bilie – Cele Connections

error: Alert: Content is protected !!