မေတြ့ရတာၾကာျပီျဖစ္တဲ့ ေနတိုး၊ ေက်ာ္ေက်ာ္ဗိုလ္၊ ရဲေလးတို့နဲ့ ဗီဒီယိုေကာေျပာျပီး အလြမ္းသယ္ေနရတယ္ဆိုတဲ့ ထြန္းထြန္း

နွင္းဆီအဖြဲ့ဟာ ဒါရိုက္တာ ေမာင္မ်ိဳးမင္း (ရင္တြင္းျဖစ္) ဦးစီးတည္ေထာင္ထားျပီး နိုင္ငံေက်ာ္ မင္းသား၊ မင္းသမီးေတြျဖစ္တဲ့ ေနတိုး၊ မင္းေမာ္ကြန္း၊ ေက်ာ္ေက်ာ္ဗို၊ ရဲေလး၊ ထြန္းထြန္း၊ ဖူးစံု၊ မိုးျပည့္ျပည့္ေမာင္၊ ေမကဗ်ာ၊ မိုးယုစံတို့နဲ့ ဖြဲ့စည္းထားတာ ျဖစ္ပါတယ္။ နွင္းဆီအဖြဲ့က အျငိမ့္အကအလွေတြနဲ့ ရန္ပံုေငြပြဲမ်ားျပဳလုပ္ျပီး နွစ္စဥ္လိုအပ္တဲ့ေနရာေတြကို ေထာက္ပံ့လွဴဒါန္းေနတာပဲ ျဖစ္ပါတယ္။

 

 

အကေတြမကရလို့ လူမစံုတာၾကာျပီျဖစ္တဲ့ နွင္းဆီအဖြဲ့သားေတြက ဒီေန့မွာေတာ့ တစ္ေယာက္နဲ့တစ္ေယာက္ အလြမ္းသယ္ခဲ့ၾကတယ္လို့ သိရပါတယ္။ ထြန္းထြန္းက “ကိုေက်ာ္က လိုင္းေပၚမွာမရွိေတာ့ မပါတာ။ က်ေနာ္တို႔ ႏွင္းဆီေတြ မေတြ႕ရတာၾကာၿပီးျဖစ္လို႔ အလြမ္းသယ္….ဟို Virus ဒင္းေၾကာင့္” ဆိုျပီး အေနေဝးေနတဲ့ သူတို့အျဖစ္ကို ေျပာျပထားပါတယ္။

 

 

နွင္းဆီအဖြဲ့သားေတြက နွစ္စဥ္သၾကၤန္ေရာက္တိုင္း ေဖ်ာ္ေျဖပြဲေတြအတူတူ သြားရေလ့ရိွျပီး ဒီနွစ္မွာေတာ့ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အိမ္ထဲကေန အိမ္ျပင္မထြက္ရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း သၾကၤန္အားလပ္ရက္မွာ နွင္းဆီအျငိမ့္ေလးေတြ ျပန္ၾကည့္ရင္း အနားယူနိုင္ၾကပါေစေနာ္။

 

 

Source: Htin Aung Tun’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မတွေ့ရတာကြာပြီဖြစ်တဲ့ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ရဲလေးတို့နဲ့ ဗီဒီယိုကောပြောပြီး အလွမ်းသယ်နေရတယ်ဆိုတဲ့ ထွန်းထွန်း

နှင်းဆီအဖွဲ့ဟာ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ဦးစီးတည်ထောင်ထားပြီး နိုင်ငံကျော် မင်းသား၊ မင်းသမီးတွေဖြစ်တဲ့ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်း၊ ဖူးစုံ၊ မိုးပြည့်ပြည့်မောင်၊ မေကဗျာ၊ မိုးယုစံတို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ နှင်းဆီအဖွဲ့က အငြိမ့်အကအလှတွေနဲ့ ရန်ပုံငွေပွဲများပြုလုပ်ပြီး နှစ်စဉ်လိုအပ်တဲ့နေရာတွေကို ထောက်ပံ့လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။

အကတွေမကရလို့ လူမစုံတာကြာပြီဖြစ်တဲ့ နှင်းဆီအဖွဲ့သားတွေက ဒီနေ့မှာတော့ တစ်ယောက်နဲ့တစ်ယောက် အလွမ်းသယ်ခဲ့ကြတယ်လို့ သိရပါတယ်။ ထွန်းထွန်းက “ကိုကျော်က လိုင်းပေါ်မှာမရှိတော့ မပါတာ။ ကျနော်တို့ နှင်းဆီတွေ မတွေ့ရတာကြာပြီးဖြစ်လို့ အလွမ်းသယ်….ဟို Virus ဒင်းကြောင့်” ဆိုပြီး အနေဝေးနေတဲ့ သူတို့အဖြစ်ကို ပြောပြထားပါတယ်။

နှင်းဆီအဖွဲ့သားတွေက နှစ်စဉ်သင်္ကြန်ရောက်တိုင်း ဖျော်ဖြေပွဲတွေအတူတူ သွားရလေ့ရှိပြီး ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်ထဲကနေ အိမ်ပြင်မထွက်ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်္ကြန်အားလပ်ရက်မှာ နှင်းဆီအငြိမ့်လေးတွေ ပြန်ကြည့်ရင်း အနားယူနိုင်ကြပါစေနော်။

Source: Htin Aung Tun’s fb
Bilie – Cele Connections

error: Alert: Content is protected !!