

 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“တစ်သက်လုံးကောင်းကောင်းနေထိုင်ဖို့အတွက် ဒီသုံးပတ်လောက်လေးအိမ်မှာနေရတာကို မနေနိုင်ကြဘူးလားလို့ ဒဲ့မေးလိုက်တဲ့ ဇေရဲထက်”

မြန်မာနိုင်ငံရဲ့ နာမည်ကျော်ရုပ်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ ဇေရဲထက်ကို ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ဇေရဲထက်ကတော့ ဇာတ်ကားတိုင်းလိုလို ကာရိုက်တာပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့သူဆိုလည်း မမှားလောက်ပါဘူးနော်။ ဇေရဲထက်ဟာဆိုရင် ပရိသတ်တွေရဲ့ အချစ်မလျော့သွားအောင် အနုပညာတွေကို ဆက်လက်လုပ်ကိုင် ကြိုးစားနေသူတစ်ဦးပဲဖြစ်ပါတယ်။

 

ကိုရိုနာရောဂါတွေဖြစ်ပွားနေတာကြောင့် အိမ်မှာအနားယူရင်း သူရဲ့ဝါသနာပါရာချက်ပြုတ်ထားတဲ့ စားစရာပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလေ့ရှိပါတယ်။ ဧပြီလ(၁၃)ရက်နေ့မှာ ဇေရဲထက်ကတော့ “အမေစု ပြောတာသိပ်မှန်တယ် တစ်သက်လုံးစာနေဖို့အတွက် သုံးပတ် ဆိုတာပေးကိုပေးရမယ် မပေးနိုင်ဘူးလားဗျာ အခုဆို မြန်မာ့ယဉ်ကျေးမှု့ရိုးရာသင်္ကြန်လေးကိုတောင်ကျင်းပခွင့်မရသလို ဘာလည်း ဘယ်တော့မှမရှိစေချင်တာလားဗျားသုံးပတ်မဟုတ် လေးပတ်နေလည်း ခဏသာပါဗျာတောင်းပန်ပါတယ် အကုန်ဒုက္ခရောက်မယ့် အဖြစ် ကိုလက်မခံပဲ အမေစုပြောသလို သုံးပတ်လေးတော့နေပါဗျာ”လို့ဆိုကာ သူရဲ့ခံစားချက်တွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သုံးပတ်လေးပတ်လောက်အိမ်မှာနေပေးကြဖို့ကို တိုက်တွန်းလိုက်တဲ့ အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။

 

CeleConnections ပရိသတ်တွေအတွက်   ဇေရဲထက်ကတော့ အမေစုပြောသလို သုံးပတ်လေးတော့ အိမ်မှာနေဖို့ကို တိုက်တွန်းကြောင်းကို    ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း  ဇေရဲထက်တိုက်တွန်းသလို နေပေးကြမယ်လို့လည်း   ထင်ပါတယ်။

Soure…Zay Ye Htet’s Facebook
Angella(CeleConnections)

 

error: Alert: Content is protected !!