တစ္နိုင္ငံလံုးက ပရိသတ္ေတြကို ေရဖလားၾကီးနဲ့ ဦးဦးျဖားျဖားေရပက္ခဲ့တဲ့ ေနတိုးရဲ့ ဗီဒီယိုဖိုင္

ပရိသတ္ေတြခ်စ္တဲ့ မင္းသားေခ်ာ ေနတိုးကေတာ့ သရုပ္ေဆာင္ေကာင္းျပီး က်ရာဇာတ္ရုပ္တိုင္းကို တိတိက်က် သရုပ္ေဆာင္နိုင္တာေၾကာင့္ ပရိသတ္ေတြရဲ့ အားေပးဝန္းရံမႈကို အခိုင္အမာရရိွထားသူ ျဖစ္ပါတယ္။ ေနတိုးက လက္ရိွမွာေတာ့ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္သူ့ရဲ့ အနုပညာလႈပ္ရွားမႈ အားလံုးကို ရပ္နားထားျပီး အိမ္မွာပဲ ေအးေအးေဆးေဆး အနားယူရင္း အလွဴအတန္းေတြ ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။

 

 

ေနတိုးက ဒီကေန့ သၾကၤန္အက်ေန့မွာေတာ့ သူခ်စ္ရတဲ့ တစ္နုိင္ငံလံုးက ပရိသတ္ေတြကို ေဖ့စ္ဘုတ္စာမ်က္နွာကတဆင့္ ေရပက္ျပီး နွစ္သစ္ဆုေတာင္းစကားေလး ဆုိထားပါတယ္။ ပရိသတ္ေတြအတြက္ ေနတိုးရဲ့ ဗီဒီယိုေလးကို မွ်ေဝေပးလိုက္ရပါတယ္ေနာ္။

 

 

ေနတိုးကေတာ့ ဘယ္အရြယ္ေရာက္ေရာက္ နုပ်ိဳလန္းဆန္းေနတာပဲေနာ္။ ပရိသတ္ၾကီးလည္း ေနတိုးေျပာသလို အိမ္မွာေနရင္းနဲ့ပဲ နွစ္သစ္ကို အႏၱရာယ္ကင္းကင္းနဲ့အတူတူ ျဖတ္သန္းၾကရေအာင္ေနာ္။

 

 

Source: Nay Toe’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

တစ်နိုင်ငံလုံးက ပရိသတ်တွေကို ရေဖလားကြီးနဲ့ ဦးဦးဖြားဖြားရေပက်ခဲ့တဲ့ နေတိုးရဲ့ ဗီဒီယိုဖိုင်

ပရိသတ်တွေချစ်တဲ့ မင်းသားချော နေတိုးကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်တိုင်းကို တိတိကျကျ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။ နေတိုးက လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သူ့ရဲ့ အနုပညာလှုပ်ရှားမှု အားလုံးကို ရပ်နားထားပြီး အိမ်မှာပဲ အေးအေးဆေးဆေး အနားယူရင်း အလှူအတန်းတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

နေတိုးက ဒီကနေ့ သင်္ကြန်အကျနေ့မှာတော့ သူချစ်ရတဲ့ တစ်နိုင်ငံလုံးက ပရိသတ်တွေကို ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် ရေပက်ပြီး နှစ်သစ်ဆုတောင်းစကားလေး ဆိုထားပါတယ်။ ပရိသတ်တွေအတွက် နေတိုးရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ရပါတယ်နော်။

နေတိုးကတော့ ဘယ်အရွယ်ရောက်ရောက် နုပျိုလန်းဆန်းနေတာပဲနော်။ ပရိသတ်ကြီးလည်း နေတိုးပြောသလို အိမ်မှာနေရင်းနဲ့ပဲ နှစ်သစ်ကို အန္တရာယ်ကင်းကင်းနဲ့အတူတူ ဖြတ်သန်းကြရအောင်နော်။

Source: Nay Toe’s fb
Bilie – Cele Connections

error: Alert: Content is protected !!