

 

 


 

 


 

 

Source: Htwe Lynn Ko’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ညအိပ်ခါနီး ဖေဖေလင်းလင်းနဲ့ မေမေချစ်သုဝေကို ပုံပြင်ပြောပြနေတဲ့ ခေတ်နဲ့သစ်ရဲ့ ချစ်စရာ ဗီဒီယိုလေး

အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမြွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်က မွေးကင်းစအရွယ်ကတည်းက ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ခေတ်နဲ့သစ်က အခုဆိုရင် သုံးနှစ်ကျော်အရွယ်ကို ရောက်နေပြီဖြစ်ပြီး စကားတွေ တီတီတာတာ ပြောတတ်လာကာ တစ်နေ့တစ်ခြား ချစ်စရာကောင်းလာတာပဲ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေကလည်း သမီးလေးတွေရဲ့ ဗီဒီယိုလေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးလေ့ရှိပါတယ်။

ဒီတစ်ခေါက်မှာလည်း ဖေဖေလင်းလင်းက ညအိပ်ယာဝင်ခါနီး မိသားစုတွေ တစ်ယောက်နဲ့တစ်ယောက် ပုံပြင်ပြောပြနေတဲ့ ဗီဒီယိုလေးကို မျှဝေပေးထားပါတယ်။ ခေတ်လေးနဲ့ သစ်လေးကလည်း စကားလေးတွေ မပီတပီနဲ့ ပုံပြင်ပြောပြထားတာမို့ ပရိသတ်ကြီးက နားထောင်ပေးကြပါဦးနော်။

ခေတ်လေးနဲ့ သစ်လေး ပြောတဲ့ ပုံပြင်လေးတွေက စိတ်ဝင်စားဖို့ကောင်းသလို အရမ်းလည်း နားထောင်ကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ခေတ်လေးနဲ့ သစ်လေးရဲ့ လှုပ်ရှားမှုလေးတွေကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ် ထင်ပါတယ်။

Source: Htwe Lynn Ko’s fb
Bilie – Cele Connections

error: Alert: Content is protected !!