“ဆရာဝန္နဲ႔ သူနာျပဳမ်ားအတြက္ ဂုဏ္ျပဳေလးစားတဲ့ အေနနဲ႔ ေရးစပ္ သီဆုိထားတဲ့ ေဝႀကီး သီခ်င္းဗီဒီယုိဖုိင္ေလး”

နာမည္ႀကီး အဆိုေတာ္ ေတးေရးဆရာျဖစ္တဲ့ ေဝႀကီး ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ ေဝႀကီး ေရးၿပီး အဆိုေတာ္ ေကာ္နီဆိုထားတဲ့ “ေဆး”သီခ်င္းေလးကေတာ့ ပရိသတ္ေတြၾကားမွာ ေရပန္းစားတဲ့ သီခ်င္းတစ္ပုဒ္လို႕ ဆုိရင္မွားမယ္ မထင္ပါဘူး..။ ေဝႀကီး ရဲ႕ ကိုယ္တိုင္ေရး၊ ကိုယ္တိုင္ဆိုထားတဲ့ “ လိုင္းေပၚမတင္ပါနဲ႕” ဆိုတဲ့ သီခ်င္းကလည္း လူႀကိဳက္မ်ားတဲ့သီခ်င္းေတြထဲက တစ္ပုဒ္အပါအဝင္ပဲျဖစ္ပါတယ္ေနာ္..။

 

 

ရင္ကို ထိေစတဲ့ စာသားေတြနဲ႕ ပရိသတ္ေတြရဲ႕ ရင္ကို ထိေအာင္ အနုပညာနဲ႕ သိမ္းသြင္းနိုင္တဲ့ ေတးေရးဆရာတစ္ေယာက္လို႕ ဆုိရင္မွားမယ္ မထင္ပါဘူး..။ ဧၿပီလ (၁၂)ရက္ေန႕မွာ ေတာ့ ေဝႀကီးက လက္ရွိ ျဖစ္ပ်က္ေနတဲ့ အေျခအေနေတြမွာ ရုန္းကန္ႀကိဳးစားေပးေနတဲ့ ဆရာဝန္ေတြအတြက္ ေလးစားဂုဏ္ျပဳကာ ေရးစပ္ထားတဲ့ “ဆရာဝန္တစ္ေယာက္အေၾကာင္း” သီခ်င္းဗီဒီယုိဖိုင္ေလးကို “ဆရာဝန္တစ္ေယာက္အေၾကာင္း….ဆရာဝန္ႏွင့္သူနာျပဳ မ်ားအတြက္ ကြၽန္ေတာ္ခံစားရသေလာက္ ေရးထားတာေလးပါ..။ အိမ္မွာပဲ အကုန္အသံသြင္းထားတဲ့အတြက္ လိုအပ္ခ်က္ရွိခဲ့ရင္ သည္းခံ နားေထာင္ေပးၾကပါခင္ဗ်ာ..။

 

 

ဆရာဝန္ႏွင့္သူနာျပဳမ်ား ခြန္အားျဖစ္မယ္ဆို ကြၽန္ေတာ္ေက်နပ္ပါတယ္….WaiGyi” ဆုိၿပီး သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။ ေဝႀကီးကေတာ့ ရင္ထဲကို ခံစားသြားရေစမယ့္ ေနာက္ထပ္သီခ်င္းတစ္ပုဒ္ကို ဖန္တီး ခ်ျပလိုက္ျပန္ပါၿပီေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးအတြက္လည္း ေဝႀကီးရဲ႕ “ဆရာဝန္တစ္ေယာက္အေၾကာင္း”သီခ်င္းဗီဒီယုိဖိုင္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္..။
Source: Nyein Chan Thaw’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“ဆရာဝန်နဲ့ သူနာပြုများအတွက် ဂုဏ်ပြုလေးစားတဲ့ အနေနဲ့ ရေးစပ် သီဆိုထားတဲ့ ဝေကြီး သီချင်းဗီဒီယိုဖိုင်လေး”

နာမည်ကြီး အဆိုတော် တေးရေးဆရာဖြစ်တဲ့ ဝေကြီး ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ဝေကြီး ရေးပြီး အဆိုတော် ကော်နီဆိုထားတဲ့ “ဆေး”သီချင်းလေးကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ သီချင်းတစ်ပုဒ်လို့ ဆိုရင်မှားမယ် မထင်ပါဘူး..။ ဝေကြီး ရဲ့ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုထားတဲ့ “ လိုင်းပေါ်မတင်ပါနဲ့” ဆိုတဲ့ သီချင်းကလည်း လူကြိုက်များတဲ့သီချင်းတွေထဲက တစ်ပုဒ်အပါအဝင်ပဲဖြစ်ပါတယ်နော်..။

ရင်ကို ထိစေတဲ့ စာသားတွေနဲ့ ပရိသတ်တွေရဲ့ ရင်ကို ထိအောင် အနုပညာနဲ့ သိမ်းသွင်းနိုင်တဲ့ တေးရေးဆရာတစ်ယောက်လို့ ဆိုရင်မှားမယ် မထင်ပါဘူး..။ ဧပြီလ (၁၂)ရက်နေ့မှာ တော့ ဝေကြီးက လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေမှာ ရုန်းကန်ကြိုးစားပေးနေတဲ့ ဆရာဝန်တွေအတွက် လေးစားဂုဏ်ပြုကာ ရေးစပ်ထားတဲ့ “ဆရာဝန်တစ်ယောက်အကြောင်း” သီချင်းဗီဒီယိုဖိုင်လေးကို “ဆရာဝန်တစ်ယောက်အကြောင်း….ဆရာဝန်နှင့်သူနာပြု များအတွက် ကျွန်တော်ခံစားရသလောက် ရေးထားတာလေးပါ..။ အိမ်မှာပဲ အကုန်အသံသွင်းထားတဲ့အတွက် လိုအပ်ချက်ရှိခဲ့ရင် သည်းခံ နားထောင်ပေးကြပါခင်ဗျာ..။

ဆရာဝန်နှင့်သူနာပြုများ ခွန်အားဖြစ်မယ်ဆို ကျွန်တော်ကျေနပ်ပါတယ်….WaiGyi” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ဝေကြီးကတော့ ရင်ထဲကို ခံစားသွားရစေမယ့် နောက်ထပ်သီချင်းတစ်ပုဒ်ကို ဖန်တီး ချပြလိုက်ပြန်ပါပြီနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း ဝေကြီးရဲ့ “ဆရာဝန်တစ်ယောက်အကြောင်း”သီချင်းဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
Source: Nyein Chan Thaw’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!