ခ်စ္ရတဲ့ပရိတ္သတ္မ်ား အႏၲရာယ္ကင္းေဘးရွင္းၾကပါေစလို႔ ဆုေတာင္းေမတၱာပို႔သလိုက္တဲ့ အိေခ်ာပို

သရုပ္ေဆာင္ အိေခ်ာပိုကေတာ့ ျမန္မာဆန္ဆန္ ရွင္းလင္းေျပျပစ္တဲ့ မ်က္နွာေလးကို ပိုင္ဆိုင္ထားရံုသာမကပဲ အခ်ိဳးစားက်လွပတဲ့ ခႏၶာကိုယ္ေလးကို ပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ အိေခ်ာပိုက ရုပ္ရွင္ဇာတ္ကားေတြကိုလည္း ထိပ္ဆံုးက ရိုက္ကူးေနရတာျဖစ္ျပီး ပရိသတ္ေတြရဲ့ အားေပးဝန္းရံမႈေတြကို ရရိွထားသူပါ။ ဒီေန့မွာေတာ့ အိေခ်ာပိုက သူမခ်စ္တဲ့ ပရိသတ္ေတြအတြက္ နွစ္သစ္ဆုမြန္ေကာင္းေတြ ေတာင္းဆုေျခြေပးထားပါတယ္။

 

 

“ယခုက်ေရာက္ေနတဲ့ျမန္မာ့ႏွစ္သစ္ကူးအခ်ိန္အခါသမယမွာ ေအးခ်မ္းၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။ ႏွစ္ေဟာင္းကမေကာင္းေသာ အရာမ်ားကင္းေဝးၿပီးႏွစ္သစ္မွာ စိတ္သစ္လူသစ္ခြန္အားသစ္မ်ားျဖင့္ ေလွ်ာက္လွမ္းႏိုင္ၾကပါေစ။ ကမာၻ႔ကပ္ေရာဂါဆိုးႀကီး covid 19 အႏၲရာယ္ကိုလည္းအျမန္ဆုံးေက်ာ္လႊားႏိုင္ၾကပါေစ။ ခ်စ္ရတဲ့ပရိတ္သတ္မ်ား အႏၲရာယ္ကင္းေဘးရွင္းၾကပါေစလို႔ ဆုေတာင္းေမတၱာပို႔သလိုက္ပါတယ္ရွင္။” ဆိုျပီး ဆုေတာင္းေပးထားပါတယ္။

 

 

အိေခ်ာပိုရဲ့ သၾကၤန္ပံုရိပ္ေလးကေတာ့ အဝါေရာင္ ျမန္မာဝတ္စံုေလးနဲ့ ရႈတိုင္းယဥ္ေနတာပဲေနာ္။ ပရိသတ္ၾကီးလည္း အိေခ်ာပို ဆုေတာင္းေပးသလို အႏၲရာယ္ကင္းေဘးရွင္းၾကပါေစလို Cele Connections မွ ထပ္ဆင့္ဆုေတာင္းေပးလိုက္ပါတယ္။

 

 

Source: Ei Chaw Po’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ချစ်ရတဲ့ပရိတ်သတ်များ အန္တရာယ်ကင်းဘေးရှင်းကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်တဲ့ အိချောပို

သရုပ်ဆောင် အိချောပိုကတော့ မြန်မာဆန်ဆန် ရှင်းလင်းပြေပြစ်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားရုံသာမကပဲ အချိုးစားကျလှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ အိချောပိုက ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ထိပ်ဆုံးက ရိုက်ကူးနေရတာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားသူပါ။ ဒီနေ့မှာတော့ အိချောပိုက သူမချစ်တဲ့ ပရိသတ်တွေအတွက် နှစ်သစ်ဆုမွန်ကောင်းတွေ တောင်းဆုခြွေပေးထားပါတယ်။

“ယခုကျရောက်နေတဲ့မြန်မာ့နှစ်သစ်ကူးအချိန်အခါသမယမှာ အေးချမ်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ နှစ်ဟောင်းကမကောင်းသော အရာများကင်းဝေးပြီးနှစ်သစ်မှာ စိတ်သစ်လူသစ်ခွန်အားသစ်များဖြင့် လျှောက်လှမ်းနိုင်ကြပါစေ။ ကမ္ဘာ့ကပ်ရောဂါဆိုးကြီး covid 19 အန္တရာယ်ကိုလည်းအမြန်ဆုံးကျော်လွှားနိုင်ကြပါစေ။ ချစ်ရတဲ့ပရိတ်သတ်များ အန္တရာယ်ကင်းဘေးရှင်းကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။” ဆိုပြီး ဆုတောင်းပေးထားပါတယ်။

အိချောပိုရဲ့ သင်္ကြန်ပုံရိပ်လေးကတော့ အဝါရောင် မြန်မာဝတ်စုံလေးနဲ့ ရှုတိုင်းယဉ်နေတာပဲနော်။ ပရိသတ်ကြီးလည်း အိချောပို ဆုတောင်းပေးသလို အန္တရာယ်ကင်းဘေးရှင်းကြပါစေလို Cele Connections မှ ထပ်ဆင့်ဆုတောင်းပေးလိုက်ပါတယ်။

Source: Ei Chaw Po’s fb
Bilie – Cele Connections

error: Alert: Content is protected !!