

 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

 

“ကိုဗစ်ကြောင့် အိမ်မှာအပျင်းပြေစေမယ့်အရာလေးကို လုပ်နေတဲ့ နန်းဆုရတီစိုးရဲ့ ဗီဒီယိုဖိုင်အသစ်လေး”

 

 

CeleConnectionsပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ ဘာဘီရုပ်လေးလို တစ်နေ့တစ်ခြားချောမောလှပလွန်းတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုးကို အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ နန်းဆုကတော့ သရုပ်ဆောင်မှုပိုင်းမှာလည်း ကာရိုက်တာကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့အပြင် ဂီတပိုင်းမှာလည်း အောင်မြင်နေတဲ့ အဆိုတော်တစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ နန်းဆုရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “မြန်မာပြည်ကြီးထဲမှာ”သီချင်းကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ကျော်ကြားနေတဲ့ သီချင်းပဲဖြစ်ပါတယ်။

 

နန်းဆုကတော့ အိမ်မှာနေရင်း အမှတ်တရပုံရိပ်လေးတွေနဲ့ Music ဗီဒီယိုလေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ နန်းဆုက”ယူတို့ရော အိမ်မှာအပျင်းပြေဘာလုပ်ကြလဲ အိမ်မှာနေရင်းအကျိုးရှိတာရှာလုပ်မယ်” ဆိုကာ သူမရဲ့အိမ်မှာလုပ်ဖြစ်တဲ့အကြောင်းလေးကို ဗီဒီယိုလေးရိုက်ကာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ အိမ်မှာနေရတာ အပျင်းပြေရင်းလုပ်ဖြစ်တဲ့ အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။

 

CeleConnections ပရိသတ်တွေအတွက် နန်းဆုရဲ့ အပျင်းပြေလုပ်ဖြစ်တဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကကော နန်းဆုလိုဘဲ  အိမ်မှာနေရင်းဘာလုပ်ဖြစ်မယ်လို့  စိတ်ကူးရှိကြလဲနော်။

Soure….Nansu Yati Soe’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!