“Update သတင္းေတြထက္ စိတ္ခ်မ္းသာမႈကို လိုခ်င္တာမို႕ Facebook အေကာင့္ကို သိပ္မသံုးျဖစ္ေတာ့ဘူးဆိုတဲ့ ညိဳမင္းလြင္”

အနုပညာမွာ ဘက္စံုေတာ္တဲ့ သူလို႕ ေျပာရမယ့္ သရုပ္ေဆာင္ ဒါရိုက္တာ ညိဳမင္းလြင္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ ကာရုိက္တာတိုင္းကို ပီျပင္ေအာင္သရုပ္ေဆာင္နိုင္တဲ့ သရုပ္ေဆာင္ေကာင္းတစ္ေယာက္အေနနဲ႔ ပရိသတ္ေတြရဲ႕ အသိအမွတ္ျပဳ အားေပးမႈေတြကို ရရွိခဲ့ၿပီး အမိုက္စား ရိုက္ခ်က္ေတြနဲ႕လည္း ပရိသတ္ေတြရဲ႕ သေဘာက် အားေပးမႈေတြကို ရရွိေနတဲ့သူပဲျဖစ္ပါတယ္..။ညိဳမင္းလြင္ဟာ ရိုက္သမွ် ဇာတ္ကားတိုင္းဟာလည္း ပရိသတ္ေတြရဲ႕ ရင္ထဲမွာ မက္ေဆ့ခ်္ေကာင္းေလးေတြအေနနဲ႕ က်န္ေစခဲ့ေအာင္ ရိုက္တတ္တဲ့သူပါ..။ ညိဳမင္းလြင္က သူ႕ရဲ႕ အနုပညာလႈပ္ရွားမႈအေၾကာင္းေလးေတြကို ပရိသတ္ေတြအတြက္ သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္ကာ မွ်ေဝေလ့ရွိသူပါ..။

 

 

ဒီေန႕ ဧၿပီလ (၁၂)ရက္ေန႕ သၾကၤန္အႀကိဳေန႕မွာေတာ့ ညိဳမင္းလြင္က ဗိုင္းရပ္စ္သတင္းေတြေၾကာင့္ Facebook အေကာင့္ သိပ္မသံုးျဖစ္ေတာ့တဲ့ အေၾကာင္းေလးကို “ဒီရက္ေတြမွာ ကြၽန္ေတာ္ Facebook သုံးတဲ့ပုံစံေျပာင္းထားပါတယ္။ မနက္ပိုင္း post တင္ခ်င္ရင္ တင္လိုက္တယ္၊ ၿပီးရင္ log out လုပ္ၿပီး facebook application ကိုပါ ဖုန္းထဲကေန delete လုပ္ပစ္ပါတယ္၊ အရင္လို comments ေတြကို မဖတ္ျဖစ္ေတာ့တာ၊ ဖတ္ၿပီးေၾကာင္း love reacts နဲ႔မျပျဖစ္ေတာ့တာကိုေတာ့ ေတာင္းပန္ပါတယ္၊ 1M = 1Kyat နဲ႔တြက္ရင္ တစ္ေန႔ကို ျမန္မာေငြႏွစ္ရာက်ပ္ေက်ာ္ေက်ာ္ ျဖဳန္းပစ္သလိုျဖစ္ေနေပမယ့္ ဘာကိုမွေၾကာက္မေနခ်င္တဲ့ကြၽန္ေတာ့္အတြက္ေတာ့ ေလာေလာဆယ္မွာ ဒီနည္းကအဆင္ေျပပါတယ္၊ ဒီ့ထက္တဆင့္ထပ္တက္သြားရင္ေတာ့ ျပန္ကိုဝင္မလာေတာ့ဘူးေပါ့ေလ၊ update သိေနတာကိုေ႐ြးမလား၊ စိတ္ခ်မ္းသာမႈကိုေ႐ြးမလားဆိုရင္ ကြၽန္ေတာ္ကေတာ့ ဒုတိယတစ္ခုကိုပဲေ႐ြးပါတယ္။

 

 

ကြၽန္ေတာ္က ဘာကိုမွေၾကာက္မေနခ်င္၊ စိုးရိမ္မေနခ်င္တဲ့လူဆိုေတာ့ အခုအခ်ိန္ newsfeed က သိပ္အဆင္မေျပပါဘူး၊ အားလုံးပဲေပ်ာ္စရာ သၾကၤန္ရက္မ်ားျဖစ္ၾကပါေစ လို႔ဆုေတာင္းလိုက္ပါတယ္။ With love, ညိဳမင္းလြင္” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။ ညိဳမင္းလြင္ကေတာ့ စိုးရိမ္မႈနဲ႕ ေၾကာက္ရြံမေနခ်င္တဲ့ သူမို႕ စိတ္ခ်မ္းသာစြာ ေနနိုင္ေအာင္ Facebook ကို သိပ္မသံုးျဖစ္ေတာ့ တဲ့ အဓိက အေၾကာင္းရင္းကို ေျပာျပလာခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးထဲမွာေရာ ညိဳမင္းလြင္ေျပာသလို စိတ္ခ်မ္းသာမႈနဲ႕ Update သတင္းသိနိုင္မႈဆုိရင္ ဘယ္ဟာကို ေရြးမလဲ၊?? ပရိသတ္ႀကီးလည္း ထင္ျမင္မိတဲ့ ခံစားခ်က္ေလးေတြကို မွတ္ခ်က္ေလးေတြအျဖစ္ ေရးသားခဲ့ၾကပါဦးေနာ္..။
Source: Nyo Min Lwin’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“Update သတင်းတွေထက် စိတ်ချမ်းသာမှုကို လိုချင်တာမို့ Facebook အကောင့်ကို သိပ်မသုံးဖြစ်တော့ဘူးဆိုတဲ့ ညိုမင်းလွင်”

အနုပညာမှာ ဘက်စုံတော်တဲ့ သူလို့ ပြောရမယ့် သရုပ်ဆောင် ဒါရိုက်တာ ညိုမင်းလွင်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ကာရိုက်တာတိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးမှုတွေကို ရရှိခဲ့ပြီး အမိုက်စား ရိုက်ချက်တွေနဲ့လည်း ပရိသတ်တွေရဲ့ သဘောကျ အားပေးမှုတွေကို ရရှိနေတဲ့သူပဲဖြစ်ပါတယ်..။ညိုမင်းလွင်ဟာ ရိုက်သမျှ ဇာတ်ကားတိုင်းဟာလည်း ပရိသတ်တွေရဲ့ ရင်ထဲမှာ မက်ဆေ့ချ်ကောင်းလေးတွေအနေနဲ့ ကျန်စေခဲ့အောင် ရိုက်တတ်တဲ့သူပါ..။ ညိုမင်းလွင်က သူ့ရဲ့ အနုပညာလှုပ်ရှားမှုအကြောင်းလေးတွေကို ပရိသတ်တွေအတွက် သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ကာ မျှဝေလေ့ရှိသူပါ..။

ဒီနေ့ ဧပြီလ (၁၂)ရက်နေ့ သင်္ကြန်အကြိုနေ့မှာတော့ ညိုမင်းလွင်က ဗိုင်းရပ်စ်သတင်းတွေကြောင့် Facebook အကောင့် သိပ်မသုံးဖြစ်တော့တဲ့ အကြောင်းလေးကို “ဒီရက်တွေမှာ ကျွန်တော် Facebook သုံးတဲ့ပုံစံပြောင်းထားပါတယ်။ မနက်ပိုင်း post တင်ချင်ရင် တင်လိုက်တယ်၊ ပြီးရင် log out လုပ်ပြီး facebook application ကိုပါ ဖုန်းထဲကနေ delete လုပ်ပစ်ပါတယ်၊ အရင်လို comments တွေကို မဖတ်ဖြစ်တော့တာ၊ ဖတ်ပြီးကြောင်း love reacts နဲ့မပြဖြစ်တော့တာကိုတော့ တောင်းပန်ပါတယ်၊ 1M = 1Kyat နဲ့တွက်ရင် တစ်နေ့ကို မြန်မာငွေနှစ်ရာကျပ်ကျော်ကျော် ဖြုန်းပစ်သလိုဖြစ်နေပေမယ့် ဘာကိုမှကြောက်မနေချင်တဲ့ကျွန်တော့်အတွက်တော့ လောလောဆယ်မှာ ဒီနည်းကအဆင်ပြေပါတယ်၊ ဒီ့ထက်တဆင့်ထပ်တက်သွားရင်တော့ ပြန်ကိုဝင်မလာတော့ဘူးပေါ့လေ၊ update သိနေတာကိုရွေးမလား၊ စိတ်ချမ်းသာမှုကိုရွေးမလားဆိုရင် ကျွန်တော်ကတော့ ဒုတိယတစ်ခုကိုပဲရွေးပါတယ်။

ကျွန်တော်က ဘာကိုမှကြောက်မနေချင်၊ စိုးရိမ်မနေချင်တဲ့လူဆိုတော့ အခုအချိန် newsfeed က သိပ်အဆင်မပြေပါဘူး၊ အားလုံးပဲပျော်စရာ သင်္ကြန်ရက်များဖြစ်ကြပါစေ လို့ဆုတောင်းလိုက်ပါတယ်။ With love, ညိုမင်းလွင်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ညိုမင်းလွင်ကတော့ စိုးရိမ်မှုနဲ့ ကြောက်ရွံမနေချင်တဲ့ သူမို့ စိတ်ချမ်းသာစွာ နေနိုင်အောင် Facebook ကို သိပ်မသုံးဖြစ်တော့ တဲ့ အဓိက အကြောင်းရင်းကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးထဲမှာရော ညိုမင်းလွင်ပြောသလို စိတ်ချမ်းသာမှုနဲ့ Update သတင်းသိနိုင်မှုဆိုရင် ဘယ်ဟာကို ရွေးမလဲ၊?? ပရိသတ်ကြီးလည်း ထင်မြင်မိတဲ့ ခံစားချက်လေးတွေကို မှတ်ချက်လေးတွေအဖြစ် ရေးသားခဲ့ကြပါဦးနော်..။
Source: Nyo Min Lwin’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!