ယူနီကုဒ်ဖြင့်ဖတ်ရန်
Covid – 19 လူနာအမှတ် (37) ဟာ အဆိုတော်မျိုးကြီးပါဆိုတဲ့ သတင်းကို ဖြေရှင်းလာတဲ့ မျိုးကြီးရဲ့ အမျိုးသမီး
ပရိသတ်ကြီးရေ ဒီကနေ့ သင်္ကြန်အကြိုနေ့မှာပဲ စိတ်မကောင်းစရာကောင်းတဲ့ သတင်းတစ်ခုက Covid – 19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း (၃၈) ယောက်ရှိပြီပဲ ဖြစ်ပါတယ်။ လူနာအမှတ် (၃၇) ဟာ အင်းစိန်မှာနေထိုင်သူ အဆိုတော် မျိုးကြီးဖြစ်တယ်လို့ ပြည်သူတွေက ထင်ကြေးပေးနေကြတာ ဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး အဆိုတော်မျိုးကြီးနဲ့ အမျိုးသမီးက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် အခုလိုပဲ ရှင်းလင်းပြောဆိုထားပါတယ်။
“Case 37 က ကိုမျိုးကြီး လုံးဝမဟုတ်ပါဘူး။ စိတ်ပူပေးကြတာ ကျေးဇူးပါ။ God Bless You All။ Case 37 ကလည်း အသိမိတ်ဆွေမို့ လုံးဝ စိတ်မကောင်းပါ။” ဆိုပြီး ပရိသတ်တွေ သံသယကင်းအောင် ရှင်းရှင်းလင်းလင်းပြောဆိုထားတာပဲ ဖြစ်ပါတယ်။
အဆိုတော် မျိုးကြီးက အင်းစိန်ဘုရင့်နောင်ရိပ်သာ (၂) လမ်းမှာ နေထိုင်သူဖြစ်ပြီး Covid – 19 လူနာအမှတ် (37) ဟာ အင်းစိန် ကြို့ကုန်းမှာနေထိုင်သူဖြစ်ပါတယ်။ အဆိုတော်မျိုးကြီးဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လူနာတွေအားလုံး အမြန်ဆုံးကျန်းမာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Lone Lone Lwin’s fb
Bilie – Cele Connections
error: Alert: Content is protected !!