

 

 


 

 

 




ယူနီကုဒ်ဖြင့် ဖတ်ရန်

“(၃၈)ဖြာ မင်္ဂလာတေးကို စကားမပီတပီလေးနဲ့ အလွတ်တန်းရွတ်နေတဲ့ Rဇာနည်သားလေး ချစ်ချစ်တုန်”

မြန်မာနိုင်ငံရဲ့ နာမည်ကြီး အဆိုတော် တစ်ဦးဖြစ်တဲ့ Rဇာနည်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။Rဇာနည်ရဲ့ သီချင်းတွေဟာ တစ်ပုဒ်ဆို တစ်ပုဒ် ပရိသတ်တွေရဲ့ကြားမှာ ရေပန်းစားလူကြိုက်များတဲ့ သီချင်းတွေပဲဖြစ်ပါတယ်..။ မော်ဒယ်ဝမ်းနဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းပြီး လိမ္မာတဲ့ သားနှစ်ယောက်နဲ့ အတူ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူပါ..။

သားကြီး ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်ဟာလည်း ချစ်ဖို့ကောင်းပြီး လိမ္မာလွန်းလို့ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့သူတွေပါပဲနော်..။Rဇာနည်နဲ့ ဝမ်းတို့ ဇနီးမောင်နှံကတော့ မကြာမီမှာ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်လေးလို ချစ်ဖို့ကောင်းတဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်တော့မှာပါ..။ ဒီနေ့ ဧပြီလ (၁၂)ရက်နေ့ သင်္ကြန်အကြိုနေ့မှာတော့ “မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ..” ဆိုပြီး ချစ်ချစ်တုန်လေးတစ်ယောက် (၃၈)ဖြာမင်္ဂလာတေးကို ရွတ်ဆိုနေတဲ့ ဗီဒီယိုဖိုင်လေးကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

စကားမပီတပီလေးနဲ့ (၃၈)ဖြာ မင်္ဂလာတေးကို ရွတ်ဆိုနေတဲ့ ချစ်ချစ်တုန်လေးကတော့ အသည်းယားပြီး ချစ်ဖို့ကောင်းလွန်းပါတယ်နော် ပရိသတ်ကြီးရေ..။ Cele Connectionsပရိသတ်ကြီးအတွက်လည်း (၃၈)ဖြာ မင်္ဂလာတေး ရွတ်ဆိုနေတဲ့ ချစ်ချစ်တုန်လေးရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်..။

Source:Phit Phit Chit Chit’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!