

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

ခြံထဲမှာပဲ ရေကန်ကြီးချပြီး သားနှစ်ယောက်အတွက် သင်္ကြန်ပွဲလေးလုပ်ပေးခဲ့တဲ့ R ဇာနည်နဲ့ ဝမ်း

အဆိုတော် R ဇာနည်က ဂီတလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်မှုရရှိခဲ့ပြီး သူ့ရဲ့ သီချင်းတွေကလည်း ဒီနေ့ဒီအချိန်ထိတိုင် ပရိသတ်တွေကြားထဲ ရေပန်းစားနေဆဲ ဖြစ်ပါတယ်။ R ဇာနည်က ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိပိုင်ဆိုင်ထားသလို ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ R ဇာနည်နဲ့ ဝမ်းရဲ့ သားလေးနှစ်ယောက်ဖြစ်တဲ့ ဖစ်ဖစ်နဲ့ ချစ်ချစ်ကလည်း ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ရရှိထားတဲ့ ကလေးလေးတွေ ဖြစ်ကြပါတယ်။

ဒီကနေ့ သင်္ကြန်အကြိုနေ့မှာတော့ R ဇာနည်က သားလေးနှစ်ယောက်ဖြစ်တဲ့ ဖစ်ဖစ်နဲ့ ချစ်ချစ်ကို ခြံထဲမှာပဲ ရေကန်ကြီးချပြီး သင်္ကြန်ပွဲကို ဆင်နွှဲစေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ ဖစ်ဖစ်နဲ့ ချစ်ချစ်ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖစ်ဖစ်နဲ့ ချစ်ချစ်ကတော့ ဘယ်မှမသွားရလည်း ဖေဖေ၊ မေမေနဲ့အတူတူ ရေဆော့ရလို့ ပျော်ရွှင်နေကြမယ် ထင်ပါတယ်။ ပရိသတ်ကြီးလည်း ဖစ်ဖစ်နဲ့ ချစ်ချစ်ရဲ့ ပုံလေးတွေကိုကြည့်ပြီး သဘောကျကျေနပ်ကြမယ် ထင်ပါတယ်။

Source: Phit Phit Chit Chit’s fb
Bilie – Cele Connections

error: Alert: Content is protected !!