ေယာကၡမျဖစ္သူရဲ့ ေမြးေန့အလွဴအျဖစ္ စည္ပင္ဝန္ထမ္းနဲ့ အေနွးယာဥ္ေမာင္း (၇၀၀)စာအတြက္ လွဴဒါန္းမႈေတြ ျပဳလုပ္သြားမယ့္ စမိုင္းလ္

စမိုင္းလ္ကေတာ့ လူေလးလွသလို ကုသိုလ္ေရးမွာလည္း လက္မေနွးသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ စမိုင္းလ္တို့ မိသားစုက ေငြေၾကးခ်မ္းသာသလို အလွဴအတန္းေတြကိုလည္း ထိထိေရာက္ေရာက္ လွဴဒါန္းၾကတာပဲ ျဖစ္ပါတယ္။ စမိုင္းလ္တို့ ဇနီးေမာင္နွံက ဒီေန့မွာလည္း အိမ္ေထာင္စု (၇၀၀)စာအတြက္ အလွဴအတန္းေတြ ျပဳလုပ္သြားမယ့္အေၾကာင္းကို ေျပာျပထားပါတယ္။

 

 

စမိုင္းလ္က “မနက္ျဖန္က်ေရာက္မဲ့ ေမာင့္အေမရဲ႕ အသက္၇၀ျပည့္ေမြးေန႔အတြက္ ရန္ကင္းရွိ စည္ပင္ဝန္ထမ္းမ်ားနဲ႔ အေႏွးယဥ္ေမာင္းမ်ားရဲ႕မိသားစုမ်ားအတြက္ အိမ္ေထာင္စု ၇၀၀စာ တစ္ပတ္စာလႉဒါန္းသြားမွာျဖစ္ပါတယ္။” ဆိုျပီး အသိေပးထားပါတယ္။

 

 

စမိုင္းလ္တို့ ဇနီးေမာင္နံွကေတာ့ အလွဴေရစက္ လက္နဲ့မကြာ လွဴဒါန္းခဲ့လို့ ေနာက္ဘဝမွာလည္း သူၾကြယ္သူေဌးၾကီးေတြျဖစ္မွာ ေသခ်ာပါတယ္။ ပရိသတ္ၾကီးလည္း စမိုင္းလ္တို့ မိသားစုအတြက္ ဝမ္းေျမာက္စြာ သာဓုေခၚေပးၾကပါဦးေနာ္။

 

 

Source: စမိုင္းလ္ Smile’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ယောက္ခမဖြစ်သူရဲ့ မွေးနေ့အလှူအဖြစ် စည်ပင်ဝန်ထမ်းနဲ့ အနှေးယာဉ်မောင်း (၇၀၀)စာအတွက် လှူဒါန်းမှုတွေ ပြုလုပ်သွားမယ့် စမိုင်းလ်

စမိုင်းလ်ကတော့ လူလေးလှသလို ကုသိုလ်ရေးမှာလည်း လက်မနှေးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စမိုင်းလ်တို့ မိသားစုက ငွေကြေးချမ်းသာသလို အလှူအတန်းတွေကိုလည်း ထိထိရောက်ရောက် လှူဒါန်းကြတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံက ဒီနေ့မှာလည်း အိမ်ထောင်စု (၇၀၀)စာအတွက် အလှူအတန်းတွေ ပြုလုပ်သွားမယ့်အကြောင်းကို ပြောပြထားပါတယ်။

စမိုင်းလ်က “မနက်ဖြန်ကျရောက်မဲ့ မောင့်အမေရဲ့ အသက်၇၀ပြည့်မွေးနေ့အတွက် ရန်ကင်းရှိ စည်ပင်ဝန်ထမ်းများနဲ့ အနှေးယဉ်မောင်းများရဲ့မိသားစုများအတွက် အိမ်ထောင်စု ၇၀၀စာ တစ်ပတ်စာလှူဒါန်းသွားမှာဖြစ်ပါတယ်။” ဆိုပြီး အသိပေးထားပါတယ်။

စမိုင်းလ်တို့ ဇနီးမောင်နံှကတော့ အလှူရေစက် လက်နဲ့မကွာ လှူဒါန်းခဲ့လို့ နောက်ဘဝမှာလည်း သူကြွယ်သူဌေးကြီးတွေဖြစ်မှာ သေချာပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်တို့ မိသားစုအတွက် ဝမ်းမြောက်စွာ သာဓုခေါ်ပေးကြပါဦးနော်။

Source: စမိုင်းလ် Smile’s fb
Bilie – Cele Connections

error: Alert: Content is protected !!