“ေဆးရံုေတြမွာ ျပတ္လပ္ေနၿပီျဖစ္တဲ့ N95 Mask နဲ႔ Sugical Gownေတြကို အစံု(၉၀)လွဴဒါန္းခဲ့တဲ့ အိမ့္ခ်စ္နဲ႕ ဂ်ဴနီယာခ်စ္ေကာင္း”

နိုင္ငံေက်ာ္ အဆိုေတာ္မေလး အိမ့္ခ်စ္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ရင္းနွီးခ်စ္ခင္ ၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္… ။ ဖခင္ျဖစ္သူ ခ်စ္ေကာင္းရဲ႕ ဂီတ အေမြကို ဆက္ခံကာ ဂီတကို ျမတ္နိုးတဲ့ အိမ့္ခ်စ္ကေတာ့ လူႀကိဳက္နွစ္သက္ဆံုး မိန္းကေလးအဆုိေတာ္ေတြထဲက တစ္ေယာက္အပါအဝင္ပဲျဖစ္ပါတယ္..။ ဘယ္ဂီတ အမ်ိဳးအစားကိုမဆို တတ္ကၽြမ္းၿပီး သူမရဲ႕ သီခ်င္းတိုင္းဟာလည္း ပရိသတ္ေတြရဲ႕ နႈတ္ဖ်ားမွာ တစ္မ်ိဳးမဟုတ္ တစ္မ်ိဳး စြဲထင္က်န္ရစ္ေအာင္ သီဆိုနိုင္တဲ့ အဆိုေတာ္တစ္ဦးဆုိရင္လည္း  မွားမယ္မထင္ပါဘူး..။

 

 

 

အိမ့္ခ်စ္ကေတာ့ လက္ရွိ သူမရဲ႕ အခ်စ္ေရးမွာ ခ်စ္သူရဲ႕ ရိုမန္႕တစ္ဆန္ဆန္ လက္ထပ္ခြင့္ေတာင္းခံထားရၿပီး သူမကလည္း လက္ခံထားကာ မိန္းကေလးပရိသတ္ေတြ အားက်ရတဲ့ အဆုိေတာ္မေလးတစ္ေယာက္ ျဖစ္လုိ႕ေနတာပါ..။ မိခင္ျဖစ္သူနဲ႕အတူ ဘာသာေရးကိုလည္း လုပ္ေဆာင္တဲ့သူ အိမ့္ခ်စ္ကေတာ့ ဒီေန႕ ဧၿပီလ (၁၂)ရက္ေန႕မွာ လွဴဒါန္းျဖစ္ခဲ့တဲ့ သူမရဲ႕ အလွဴေလးကို “မေန႔က positive အမ်ားႀကီး ေတြ႕ခဲ့တဲ့ အင္းစိန္ေဆး႐ုံ အပါအဝင္ ေျမာက္ဥကၠလာေဆး႐ုံမွာပါ N95 နဲ႔ Surgical Gownေတြ ျပတ္လပ္ေနၿပီ ျဖစ္ပါတယ္။ Surgical Gown ဆို ပိုးသတ္ၿပီးျပန္သုံးေနရဖို႔ေတာင္ လုပ္ေနရၿပီလို႔ သိရပါတယ္။ အဲ့အတြက္ တတ္ႏိုင္တဲ့ဖက္ကေန လွဴဒါန္းခဲ့ပါတယ္။ ေမႀကီးေဒၚ War War Htoo နဲ႔ Eint Chit တို႔ကေန N95 Mask နဲ႔ Sugical Gown အခု (၅၀) စီ၊ Junior Chit Kaung (Pyae Phyo Paing) ကေန N95 Mask နဲ႔ Sugical Gown အခု (၄၀)စီ ၊ We Love Eint Chit .. Eint Chitters အဖြဲ႕သားေတြကေနမွ N95 Mask နဲ႔ Sugical Gown အခု(၃၀)စီ လွဴဒါန္းလိုက္ပါတယ္။

 

 

Stay Home ဆိုတဲ့အတိုင္း ေဆး႐ုံေတြထ ိသြားေရာက္မလွဴဒါန္း ေတာ့ဘဲ ေမာင္ေလး Myo Thet Naing တို႔အဖြဲ႕ေတြကပဲ သြားေရာက္ လွဴဒါန္းေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္.။ EintChitDonations …ChittersDonations” ဆိုၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။ အိမ့္ခ်စ္နဲ႕ သူမတို႕ မိသားစုကေတာ့ တတ္နိုင္တဲ့ဘက္ကေန နိုင္သေလာက္ေလး လွဴဒါန္းခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးလည္း အိမ့္ခ်စ္တို႕မိသားစုရဲ႕ အလွဴအတြက္ သာဓု ေခၚဆုိေပးသြားၾကပါဦးေနာ္..။
Source: Eint Chit’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“ဆေးရုံတွေမှာ ပြတ်လပ်နေပြီဖြစ်တဲ့ N95 Mask နဲ့ Sugical Gownတွေကို အစုံ(၉၀)လှူဒါန်းခဲ့တဲ့ အိမ့်ချစ်နဲ့ ဂျူနီယာချစ်ကောင်း”

နိုင်ငံကျော် အဆိုတော်မလေး အိမ့်ချစ်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ရင်းနှီးချစ်ခင် ပြီးသားဖြစ်မယ် ထင်ပါတယ်နော်… ။ ဖခင်ဖြစ်သူ ချစ်ကောင်းရဲ့ ဂီတ အမွေကို ဆက်ခံကာ ဂီတကို မြတ်နိုးတဲ့ အိမ့်ချစ်ကတော့ လူကြိုက်နှစ်သက်ဆုံး မိန်းကလေးအဆိုတော်တွေထဲက တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်..။ ဘယ်ဂီတ အမျိုးအစားကိုမဆို တတ်ကျွမ်းပြီး သူမရဲ့ သီချင်းတိုင်းဟာလည်း ပရိသတ်တွေရဲ့ နှုတ်ဖျားမှာ တစ်မျိုးမဟုတ် တစ်မျိုး စွဲထင်ကျန်ရစ်အောင် သီဆိုနိုင်တဲ့ အဆိုတော်တစ်ဦးဆိုရင်လည်း မှားမယ်မထင်ပါဘူး..။

အိမ့်ချစ်ကတော့ လက်ရှိ သူမရဲ့ အချစ်ရေးမှာ ချစ်သူရဲ့ ရိုမန့်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခံထားရပြီး သူမကလည်း လက်ခံထားကာ မိန်းကလေးပရိသတ်တွေ အားကျရတဲ့ အဆိုတော်မလေးတစ်ယောက် ဖြစ်လို့နေတာပါ..။ မိခင်ဖြစ်သူနဲ့အတူ ဘာသာရေးကိုလည်း လုပ်ဆောင်တဲ့သူ အိမ့်ချစ်ကတော့ ဒီနေ့ ဧပြီလ (၁၂)ရက်နေ့မှာ လှူဒါန်းဖြစ်ခဲ့တဲ့ သူမရဲ့ အလှူလေးကို “မနေ့က positive အများကြီး တွေ့ခဲ့တဲ့ အင်းစိန်ဆေးရုံ အပါအဝင် မြောက်ဥက္ကလာဆေးရုံမှာပါ N95 နဲ့ Surgical Gownတွေ ပြတ်လပ်နေပြီ ဖြစ်ပါတယ်။ Surgical Gown ဆို ပိုးသတ်ပြီးပြန်သုံးနေရဖို့တောင် လုပ်နေရပြီလို့ သိရပါတယ်။ အဲ့အတွက် တတ်နိုင်တဲ့ဖက်ကနေ လှူဒါန်းခဲ့ပါတယ်။ မေကြီးဒေါ် War War Htoo နဲ့ Eint Chit တို့ကနေ N95 Mask နဲ့ Sugical Gown အခု (၅၀) စီ၊ Junior Chit Kaung (Pyae Phyo Paing) ကနေ N95 Mask နဲ့ Sugical Gown အခု (၄၀)စီ ၊ We Love Eint Chit .. Eint Chitters အဖွဲ့သားတွေကနေမှ N95 Mask နဲ့ Sugical Gown အခု(၃၀)စီ လှူဒါန်းလိုက်ပါတယ်။

Stay Home ဆိုတဲ့အတိုင်း ဆေးရုံတွေထ ိသွားရောက်မလှူဒါန်း တော့ဘဲ မောင်လေး Myo Thet Naing တို့အဖွဲ့တွေကပဲ သွားရောက် လှူဒါန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.။ EintChitDonations …ChittersDonations” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ အိမ့်ချစ်နဲ့ သူမတို့ မိသားစုကတော့ တတ်နိုင်တဲ့ဘက်ကနေ နိုင်သလောက်လေး လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း အိမ့်ချစ်တို့မိသားစုရဲ့ အလှူအတွက် သာဓု  ခေါ်ဆိုပေးသွားကြပါဦးနော်..။
Source: Eint Chit’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!