

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

အိမ်မှာနေရင်း မိသားစုတွေ မပျင်းရအောင် ပျော်ပျော်ပါးပါး မုန့်လုံးရေပေါ်လုံးပြီး အချိန်ကုန်ဆုံးနေတဲ့ စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်ကတော့ Covid – 19 ကပ်ရောဂါနဲ့ ပက်သတ်ပြီး အလှူအတန်းတွေ အများကြီး ပြုလုပ်နေသလို မိသားစုတွေနဲ့ ပရိသတ်တွေ ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိအောင် အပျော်တွေကို မျှဝေနေတာပဲ ဖြစ်ပါတယ်။ စိတ်ညစ်စရာတွေရှိလည်း ပျော်ပျော်သာနေတတ်တဲ့ စမိုင်းလ်က ဒီနေ့မှာတော့ သူမရဲ့ ပရိသတ်တွေအတွက် ပျော်စရာမြင်ကွင်းအချို့ကို မျှဝေထားပါတယ်။

စမိုင်းလ်တို့ မိသားစုက ဒီနေ့ သင်္ကြန်အကြိုနေ့မှာ မု့န်လုံးရေပေါ်တွေလုံးပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ စမိုင်းလ်က သူမ စနောက်နေကြ ဖွားဖွားကြီး ဒေါ်ခင်လေးဆွေကိုလည်း မျက်မှန်တွေတပ်ပေးရင်း ပျော်ရွှင်နေတာကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

စမိုင်းလ်ကတော့ သင်္ကြန်အကြိုနေ့လေးကို မိသားစုတွေ စုံစုံလင်လင်နဲ့ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော သင်္ကြန်အကြိုနေ့လေးမှာ ဘာတွေလုပ်ဖြစ်ခဲ့ကြလဲ ပြောပြပါဦးနော်။

Source: စမိုင်းလ် Smile’s fb
Bilie – Cele Connections

error: Alert: Content is protected !!