

 

 


 


 

 

Source: Chit Thu Wai’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

အိမ်မှာနေတုန်း ကွတ်ကီးလေးတွေဖုတ်ပြီး မိသားစုလေးယောက် ပျော်စရာအချိန်တွေကုန်ဆုံးခဲ့တဲ့ ချစ်သုဝေ

ချစ်သုဝေတို့ မိသားစုလေးကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်ကြင်နာမှုအပြည့်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ သမီးလေးနှစ်ယောက်နဲ့ အမြဲတမ်း ပျော်ရွှင်စရာတွေ ပြည့်နှက်နေတဲ့ သူမတို့ မိသားစုလေးကို ပရိသတ်တွေကလည်း စိတ်ဝင်တစားနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။ ချစ်သုဝေကလည်း သူမတို့ မိသားစုရဲ့ လှုပ်ရှားမှုတွေကို ပရိသတ်တွေအတွက် ချပြလေ့ရှိတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ချစ်သုဝေက သမီးတွေနဲ့အတူတူ Cookie ဖုတ်ရင်း ပျော်စရာကောင်းတဲ့ အချိန်တွေကို အတူတူ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ချစ်သုဝေတို့ မိသားစုလေးရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ခေတ်နဲ့သစ်ကတော့ မေမေနဲ့အတူတူ Cookie ဖုတ်ရင်း စကားတွေတီတီတာတာပြောနေကြတာ အရမ်းချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ခေတ်နဲ့သစ်တို့ရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါတယ်။

Source: Chit Thu Wai’s fb
Bilie – Cele Connections

error: Alert: Content is protected !!