” အိမ္မွာပဲေနကာ မိသားစုလိုက္ေပ်ာ္ရႊင္စြာ မိသားစုသႀကၤန္က်ခဲ့တဲ့ သက္မြန္ျမင့္ရဲ႕ ဗီဒီယိုဖိုင္ “

CeleConnections ပရိသတ္ႀကီးေရ သက္မြန္ျမင့္ကေတာ့ ဒိတ္ဒိတ္ႀကဲမင္းသမီးေတြထဲကတစ္ေယာက္ပါေနာ္။ ဆယ္စုႏွစ္တစ္ခုအၾကာအႏုပညာလမ္းေၾကာင္းေပၚမွာ ေလွ်ာက္လွမ္းခဲ့တာျဖစ္တဲ့အျပင္ VCD သီခ်င္းမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီးေနာက္ ႐ုပ္ရွင္ဇာတ္ကားေတြ႐ိုက္ကူးလာခဲ့တာပဲ ျဖစ္ပါတယ္။ (၂၀၁၀)ခုႏွစ္မွာ ” အာဒမ္ရယ္ ဧဝရယ္ ဒသရယ္ ” ဇာတ္ကားနဲ႔ အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့ၿပီး ( ၂၀၁၇ )ခုႏွစ္မွာလည္း ” ခ်စ္လွစြာေသာ အမုန္း ” ႐ုပ္ရွင္ဇာတ္ကားနဲ႔ ဒုတိယေျမာက္ ျမန္မာ့ ႐ုပ္ရွင္ ထူးခြၽန္ဆု အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့တာပါ။

သက္မြန္ျမင့္ကေတာ့ ပြင့္လင္းကာ သဘာဝမင္းသမီးတစ္လက္လို႔ ပရိသတ္ေတြကတင္းစားအေခၚခံရတဲ့ ခ်င္းမေလးတစ္ဦးပဲ ျဖစ္ပါတယ္။ဇာတ္ကားတိုင္းကို သဘာဝက်က် သ႐ုပ္ေဆာင္တတ္တဲ့ ခ်စ္သက္ရဲ႕ အႏုပညာေျခလွမ္းေတြကို ပရိသတ္ေတြက အၿမဲေမွ်ာ္လင့္ေစာင့္စားေနၾကတာပါ။ သူမရဲ႕ သ႐ုပ္ေဆာင္မႈ အပိုင္း အမူအယာ နဲ႔ႏႈတ္က မလိုအပ္ေလာက္ေအာင္မ်က္လုံးနဲ႔ silent acting ကြၽမ္းက်င္သူတစ္ေယာက္ပါ။ ဒါ့ေၾကာင့္သူမကို silent acting actress လို႔ ဆိုၾကတာျဖစ္ၿပီး သူမရဲ႕ ေနာက္ထပ္အကယ္ဒမီအတြက္” သခင္ႀကီးနဲ႔ ငပိတို႔စရာ ” ဇာတ္ကားႀကီးကေန ရရွိလာေတာ့မလား ဆိုၿပီး ပရိသတ္ေတြက ထင္ေၾကးေပးေနၾကတာပဲ ျဖစ္ပါတယ္။

ခ်စ္သက္ကေတာ့ အခုခ်ိန္မွာ သာယာေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ အိမ္ေထာင္ေရးကိုပိုင္ဆိုင္ထားၿပီး ခ်စ္စရာေကာင္းတဲ့ သားနဲ႔သမီးေလးကိုလည္း ပိုင္ဆိုင္ထားျပန္ပါေသးတယ္ေနာ္။ပရိသတ္ေတြကလည္း ခ်စ္သက္ကိုသာမက သူရဲ႕ကိုယ္ပြားေလးျဖစ္တဲ့ သားနဲ႔သမီးကိုလည္း ခ်စ္ခင္အားေပးလ်က္ရွိၾကျပန္ပါေသးတယ္။ဒီေန႕က်ေရာက္တဲ့ သၾကၤန္ရက္မွာ အိမ္မွာပဲ ေနကာ မိသားစုလိုက္ေပ်ာ္ရႊင္စြာ ေရကစားေနေၾကာင္းကို Live လႊင့္ခဲ့တာပဲ ျဖစ္ပါတယ္။ CeleConnections ပရိသတ္ႀကီးလည္း ေပ်ာ္စရာေကာင္းသက္မြန္တို႕မိသားစုရဲ႕ မိသားစုသႀကၤန္ဗီဒီယိုဖိုင္ေလးကို ၾကည့္ၿပီး သေဘာက်ရင္ မွတ္ခ်က္တစ္ခုခုေပးခဲဲ့ပါဦးေနာ္။

Source : Thet Mon Myint
Candy – CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” အိမ်မှာပဲနေကာ မိသားစုလိုက်ပျော်ရွှင်စွာ မိသားစုသင်္ကြန်ကျခဲ့တဲ့ သက်မွန်မြင့်ရဲ့ ဗီဒီယိုဖိုင် ”

CeleConnections ပရိသတ်ကြီးရေ သက်မွန်မြင့်ကတော့ ဒိတ်ဒိတ်ကြဲမင်းသမီးတွေထဲကတစ်ယောက်ပါနော်။ ဆယ်စုနှစ်တစ်ခုအကြာအနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့တာဖြစ်တဲ့အပြင် VCD သီချင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးလာခဲ့တာပဲ ဖြစ်ပါတယ်။ (၂၀၁၀)ခုနှစ်မှာ ” အာဒမ်ရယ် ဧဝရယ် ဒသရယ် ” ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ( ၂၀၁၇ )ခုနှစ်မှာလည်း ” ချစ်လှစွာသော အမုန်း ” ရုပ်ရှင်ဇာတ်ကားနဲ့ ဒုတိယမြောက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့တာပါ။

သက်မွန်မြင့်ကတော့ ပွင့်လင်းကာ သဘာဝမင်းသမီးတစ်လက်လို့ ပရိသတ်တွေကတင်းစားအခေါ်ခံရတဲ့ ချင်းမလေးတစ်ဦးပဲ ဖြစ်ပါတယ်။ဇာတ်ကားတိုင်းကို သဘာဝကျကျ သရုပ်ဆောင်တတ်တဲ့ ချစ်သက်ရဲ့ အနုပညာခြေလှမ်းတွေကို ပရိသတ်တွေက အမြဲမျှော်လင့်စောင့်စားနေကြတာပါ။ သူမရဲ့ သရုပ်ဆောင်မှု အပိုင်း အမူအယာ နဲ့နှုတ်က မလိုအပ်လောက်အောင်မျက်လုံးနဲ့ silent acting ကျွမ်းကျင်သူတစ်ယောက်ပါ။ ဒါ့ကြောင့်သူမကို silent acting actress လို့ ဆိုကြတာဖြစ်ပြီး သူမရဲ့ နောက်ထပ်အကယ်ဒမီအတွက်” သခင်ကြီးနဲ့ ငပိတို့စရာ ” ဇာတ်ကားကြီးကနေ ရရှိလာတော့မလား ဆိုပြီး ပရိသတ်တွေက ထင်ကြေးပေးနေကြတာပဲ ဖြစ်ပါတယ်။

ချစ်သက်ကတော့ အခုချိန်မှာ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားနဲ့သမီးလေးကိုလည်း ပိုင်ဆိုင်ထားပြန်ပါသေးတယ်နော်။ပရိသတ်တွေကလည်း ချစ်သက်ကိုသာမက သူရဲ့ကိုယ်ပွားလေးဖြစ်တဲ့ သားနဲ့သမီးကိုလည်း ချစ်ခင်အားပေးလျက်ရှိကြပြန်ပါသေးတယ်။ဒီနေ့ကျရောက်တဲ့ သင်္ကြန်ရက်မှာ အိမ်မှာပဲ နေကာ မိသားစုလိုက်ပျော်ရွှင်စွာ ရေကစားနေကြောင်းကို Live လွှင့်ခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း ပျော်စရာကောင်းသက်မွန်တို့မိသားစုရဲ့ မိသားစုသင်္ကြန်ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Thet Mon Myint
Candy – CeleConnections

error: Alert: Content is protected !!