

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“အဆင်မပြေတာတွေ များလွန်းလို့ လောကကြီးကို အရှုံးပေးမိသွားမှာကို ကြောက်နေမိတယ်ဆိုတဲ့ အိစိကွေး”

ကလေးသရုပ်ဆောင်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကို ရရှိခဲ့တဲ့ အိစိကွေးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ကလေးဘဝတည်းက ပရိသတ်တွေရဲ့ ရင်ကို ထိခိုက်စေအောင် ကာရိုက်တာအပေါ် ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်..။ ပရိသတ်တွေရှေ့မှာတင် ချစ်စရာကောင်းတဲ့ ကလေးလေး အိစိကွေးကနေ အခုဆိုရင်တော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးတစ်ယောက်ဖြစ်လို့ နေပါပြီနော်..။

ကျောင်းပညာရေးမှာ ဥပဒေမေဂျာကို အဓိကယူထားပြီး အဝေးသင်တက်ရောက်နေရင်းနဲ့ အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေတဲ့သူပဲဖြစ်ပါတယ်..။ အနုပညာအလုပ်တွေရော ၊ ကျောင်းပညာရေးကိုပါ အချိန်မလပ်အောင် ကြိုးစားလုပ်ကိုင်နေတဲ့ အိစိကွေးဟာ များပြားလှတဲ့ လုပ်ဆောင်မှုတွေကြားမှာ အဆင်မပြေတာတွေ ၊ အခက်အခဲတွေနဲ့ ကြုံရတိုင်းမှာ သူ့ရဲ့ ခံစားချက်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ကာ မျှဝေလေ့ရှိသူပါ..။ဒီနေ့ ဧပြီလ (၁၂)ရက်နေ့မှာတော့ အိစိကွေးက “ဘဝမှာ အဆင်မပြေတာတွေ များလာတော့ လောကကြီး ကို အရှုံးပေးမိသွားမှာ ကြောက်တယ်..။ Stress တွေ အရမ်းများပြီး နှလုံးပြန်အောင့်နေပြန်ပြီ..။”ဆိုပြီး သူ့ရဲ့ မိုင်ဒေးမှာ တင်လာခဲ့တာပဲဖြစ်ပါတယ်..။

နှလုံးရောဂါ အခံရှိတဲ့ အိစိကွေးကတော့ အတွေးတွေနဲ့ အခက်အခဲတွေ တွေ့တိုင်း နှလုံးအောင့်တာကတော့ ပြန်ပြန်ဖြစ်နေတဲ့ ပုံပါပဲနော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးလည်း စိတ်ညစ်စရာတွေနဲ့ အဆင်မပြေတာတွေ ကြုံနေရလို့ စိတ်အားငယ်နေတဲ့ အိစိကွေးအတွက် အားပေးစကားလေးတွေ  ပြောပေးသွားပါဦးနော်..။
Soure: Eisi Kway’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!