

 

 

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“သင်္ကြန်ပြီးရင် (၃)လွှာ ချည်သား Mask တွေကို မေတ္တာနဲ့ မျှဝေဖို့ ကိုယ်တိုင် ချုပ်နေတဲ့ ညီညီမောင်(စမ်းချောင်း)”

မြန်မာနိင်ငံရဲ့ ထိပ်တန်း နာမည်ကြီး Make-Up Artist တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း) ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်…။ညီညီမောင် (စမ်းချောင်း)ကတော့ သူ့ကိုယ်သူ သုသုလို့ သုံးနှုန်းတတ်ပြီး ပရိသတ်တွေကို အမြဲတမ်း ပျော်ရွှင်အောင် စနောက်နေတတ်တဲ့သူပါ..။

ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းဒဲ့ထိုးပြောတတ်တဲ့ သုသုရဲ့ အပြုအမူလေးတွေက ပရိသတ်တွေကို အချစ်ပိုစေတယ်လို့ ပြောရင်မှားမယ် မထင်ပါဘူး..။ ဒီနေ့ ဧပြီလ (၁၂)ရက်နေ့ သင်္ကြန်အကြိုနေ့လေးမှာ သုသုက အိမ်မှာနေရင်း အပျင်းပြေလုပ်ဖြစ်တဲ့ အရာလေးတစ်ခုအကြောင်းကို “အချိန်ကို တန်ဖိုးရှိရှိအသုံးချဖို့ သင်္ကြန် မနန့်ရတော့လဲ အကျိုးရှိစေမယ့် (၃)လွှာ ချည်သား Mask လေးတွေချုပ်နေပါတယ်..။ ပြန်လျော်ပြီး သုံးလို့လဲရပါတယ်..။ သင်္ကြန်ပြီးရင် မေတ္တာနဲ့ ဝေပေးပါမယ်နော်..။ ရောဂါကပ်ဆိုးကြီး အမြန်ဆုံး ပပျောက်ပါစေ..။ QueenThuThu” ဆိုပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

သုသုကတော့ သင်္ကြန်ပြီးရင် မေတ္တာနဲ့ မျှဝေပေးဖို့အတွက် (၃)လွှာချည်သား Mask တွေကို ကိုယ်တိုင်ချုပ်နေတာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးရေ..။ Cele Connections ပရိသတ်ကြီးအတွက်လည်း သုသုတစ်ယောက် Mask ကို ကိုယ်တိုင်ကိုယ်ကျ ချုပ်နေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း သုသုလေးကို အားပေးရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ပါဦးနော်..။
Source:Nyi Nyi Maung’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!