

 

 

 


 

 




ယူနီကုဒ်ဖြင့် ဖတ်ရန်

“သင်္ကြန်အကြိုနေ့ ရောက်နေပေမယ့် အတာရေသဘင်ပွဲတော်ကို မဆင်နွှဲနိုင်လို့ ဒေါသတွေ ပေါက်ကွဲထွက်နေတဲ့ အေးမြတ်သူရဲ့ ဗီဒီယိုဖိုင်အသစ်လေး”

သဘာကျတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေတဲ့ မင်းသမီးချော အေးမြတ်သူကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ မမြတ်လေးကတော့ ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးမှုတွေကို ရရှိထားသလို ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုကိုလည်း ရရှိ သိမ်းပိုက်ထားသူပဲဖြစ်ပါတယ်..။ ပရဟိတနဲ့ လူမှုရေးအလုပ်တွေမှာလည်း ရှေ့ဆုံးကနေ လုပ်အားပေးဆောင်ရွက်တတ်သူပါ..။

မမြတ်လေးက သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိသူပါ..။ ရှုတင်အားတဲ့ အချိန်လေးတွေမှာ ပရိသတ်တွေကို ပျော်ရွှင်စေမယ့် Tik Tok လေးတွေကို ဆော့ကာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေတတ်ပါတယ်..။ဒီနေ့ ဧပြီလ (၁၂)ရက်နေ့မှာတော့ မမြတ်လေးက “ယနေ့သည်…. သင်္ကြန်အကြိုနေ့… ဟု သိလိုက်ရသောအခါ….. ပေါက်ကွဲပြီလေ..။” ဆိုပြီး သူမရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ဒီနေ့ ဧပြီလ (၁၂)ရက်နေ့ သင်္ကြန်အကြိုနေ့ ကျရောက်နေပေမယ့် သင်္ကြန်မှာ ရေလောင်းကာ နှစ်သစ်ကို ကြိုဆိုဖို့ မလုပ်နိုင်တော့တာကြောင့် ဝမ်းနည်းမိတဲ့ ခံစားချက်လေးတွေကို ထိထိမိမိပြောထားတဲ့ ဗီဒီယိုဖိုင်လေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း အေးမြတ်သူရဲ့ သင်္ကြန်ရောက်နေပေမယ့် သင်္ကြန်အတာရေသဘင်ပွဲတော်ကို မဆင်နွှဲနိုင်လို့ ဒေါသထွက်နေတဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
Source: Aye Myat Thu’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!