

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“သင်္ကြန်အကြိုနေ့လေးကို အိမ်မှာပဲ နေကာ ကြိုဆိုရတာကြောင့် ဝမ်းနည်းခံစားချက်လေးတွေကို ရင်ဖွင့်လာတဲ့ စမိုင်းလ်”

ဘာသာရေးနဲ့ ပရဟိတအလုပ်တွေကို တက်ကြွစွာ လုပ်ဆောင်တတ်တဲ့ ရုပ်ရှင်သရုပ်ဆောင် စမိုင်းလ်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့ကာ လက်ရှိ မြန်မာနိုင်ငံမှာပါ ပျံ့နှံ့လာတဲ့ Covid 19 ဗိုင်းရပ်စ်ပိုးကြောင့် လူတိုင်း Stay Home ကာ အိမ်မှာ နေထိုင်နေကြတာပဲဖြစ်ပါတယ်..။ စမိုင်းလ်ကတော့ အိမ်မှာနေထိုင်ပြီး အလုပ်မလုပ်ရင် စားဝတ်နေရေး ခက်ခဲကုန်မယ့် အခြေခံလူတန်းစားတွေအတွက် အတတ်နိုင်ဆုံး လှူဒါန်းမှုတွေကို ပြုလုပ်နေတဲ့ သူပဲဖြစ်ပါတယ်..။

ဒီနေ့ဧပြီလ (၁၂)ရက်နေ့ကတော့ မြန်မာလူမျိုးတွေရဲ့ နှစ်ဦး အတာရေသဘင်ပွဲတော် ကျင်းပတဲ့ ပထမဆုံးရက် သင်္ကြန်အကြိုနေ့လေးပဲဖြစ်ပါတယ်နော်..။ စမိုင်းလ်တော့ ဒီနေ့လို သင်္ကြန်အကြိုနေ့လေးကို အိမ်မှာပဲ နေကာ ကြိုနေရတဲ့ အဖြစ်မျိုးကြောင့် ခံစားမိတဲ့ ခံစားချက်လေးတွေကို “သင်္ကြန်ကိုဒီလိုကြိုရလိမ့်မယ်လို့ အိမ်မက်တောင်မမက်ဖူးဘူး.။ သင်္ကြန်ရက်ပိုင်းလေး နောက်ထပ်တိုး လူနာနည်းနိုင်သလောက် နည်းပြီး ပြန်ကောင်းလာသူများနဲ့ပဲ သင်္ကြန်လေးကို ဖြတ်သန်းချင်ပါတယ်..။ StayHome” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

သင်္ကြန်အကြိုနေ့လေးကို အိမ်မှာ ပဲ နေထိုင်ကာ ကြိုရတဲ့ အဖြစ်မျိုးက ဝမ်းနည်းစေတဲ့ ခံစားချက်လေးတွေ ဖြစ်ပေါ်စေတာတော့ အမှန်ပါပဲနော်..။ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ အချိန်လေးမှာ ဖြစ်လာခဲ့တာမို့ ကြိုးစားနေထိုင် ဖြတ်ကျော်သွားရမှာပါပဲနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း စမိုင်းလ်နဲ့ ခံစားချက်လေးတွေ တူခဲ့ရင် မှတ်ချက်လေးတွေ  ရေးပေးခဲ့ကြပါဦးနော်..။
Source: စမိုင်းလ် Smile’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!