

 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“သင်္ကြန်မှာ ကဲခွင့်မရလို့ စိတ်မညစ်ဘဲ နောက်နှစ်မှာ ပျော်ရွှင်စွာ ဆင်နွှဲနိုင်အောင် ကျန်းမာအောင် နေကြဖို့ ပြောလာတဲ့ ဆောင်းဝတ်ရည်မေ”

 

MRTV-4 ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “ချစ်ခြင်းတရားတို့ရှိရာနေရာ”ဇာတ်ကားထဲမှာ သက်သက်ဇော်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကိုတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ဆောင်းဝတ်ရည်မေကတော့ ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် ပေါ့ပေါ့ပါးပါးနေတတ်ပြီး စကားပြောဆိုရာမှာလည်း ပွင့်လင်းစွာပြောတတ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားတာပဲဖြစ်ပါတယ်။

 

ကိုရိုနာရောဂါတွေဖြစ်ပွားနေတာကြောင့် အနုပညာအလုပ်တွေ ခေတ္တအနားယူကာ အိမ်မှာနေရင်း အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဧပြီလ(၁၂)ရက်နေ့မှာ ဆောင်းဝတ်ရည်မေကတော့”အားလုံးပဲ..Happy New Year ပါ…. ဒီနှစ်သင်္ကြန်မကဲရလို့ စိတ်ညစ်မနေကြပဲ …နောက်နှစ်ကြမှ အတိုးပေါင်းပြီးကဲဖို့အားမွေးထားကြပါ ။ မိမိကိုယ်ကို ကျန်းမာအောင်နေကြပါ မြန်မာ့သင်္ကြန်နေ့လေးတွေမှာ အားလုံးပဲ ပျော်ပျော်ရွှင်ရွှင် နဲ့ရောဂါဘေးဘရာတွေကင်းဝေးကြပါစေဆုတောင်းပေးလိုက်ပါတယ်နော် “လို့ဆိုကာ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ဆောင်းဝတ်ရည်မေက သင်္ကြန်အတွက် သူမရဲ့ပရိသတ်တွေကို ဆုမွန်တောင်းကောင်းပေးလိုက်ကြောင်းကို တင်ပေးလိုက်တာပါပဲနော်။

 

CeleConnections ပရိသတ်တွေအတွက်   ဆောင်းဝတ်ရည်မေရဲ့ ဆုမွန်တောင်းစကားနဲ့     အားပေးစကားလေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ သူမပြောသလိုဘဲ   ပရိသတ်ကြီးတွေလည်  း ဒီကိုရိုနာကနေ     ရောဂါဘေးဘရာတွေကင်းဝေးကြပါစေနော်။

Soure…. Saung Wint Yee May’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!