

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“သင်္ကြန်မကျင်းပဖြစ်တော့မှာကို ကြောက်ခဲ့ပေမယ့် ရောဂါကူးစက်ခံရပြီး ချစ်တဲ့သူတွေကို ဆုံးရှုံးရမှာ ပိုကြောက်တယ်ဆိုတဲ့ ပိုင်တံခွန်ရဲ့ ဗီဒီယိုဖိုင်လေး”

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မော်ဒယ် သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ပိုင်တံခွန်ကတော့ ပြည်တွင်းမှာသာမကပဲ ပြည်ပ အိမ်နီးချင်းနိုင်ငံတွေအထိပါ အမာခံပရိသတ်တွေနဲ့ အားပေးမှုတွေကို ရရှိနေတဲ့သူပဲဖြစ်ပါတယ်..။ ပိုင်တံခွန်ဟာ အနုပညာအလုပ်တွေကို မအားမလပ်နိုင်အောင် လုပ်ကိုင်ရင်း သူချစ်တဲ့ ပရိသတ်တွေအတွက် အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ သူ့ရဲ့ ခံစားချက်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရင်ဖွင့်ကာ မျှဝေတင်ပေးလေ့ရှိသူပါ..။

ဒီနေ့ ဧပြီလ (၁၂)ရက်နေ့ သင်္ကြန်အကြိုနေ့လေးမှာတော့ ပိုင်တံခွန်က “အကြိုနေ့.. အပြင်ထွက်မရတော့ အိမ်ကနေ ပဲ ပရိတ်သတ်တွေကို အတာရေ ‌လောင်းလိုက်တယ်နော်.။ ဒီကပ်ရောဂါကြောင့် သင်္ကြန်ပွဲ မကျင်းပတော့မှာ ကြောက်ခဲ့ပေမယ့် ရောဂါတွေ ကူးစက်ခံရပြီး ကျွန်တော်ချစ်တဲ့သူတွေနဲ့ ဝေးသွားမှာ ပိုကြောက်တယ်။ ကျွန်တော်ချစ်တဲ့ သူငယ်ချင်း သုံးယောက်ကိုလည်း ဒီလို challenge လေးမှာပါဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်.။ Naw Phaw Eh Htar May T. Khine Kaung Myat San..onlineရေသဘင်… 2020waterfestivalmyanmar.. covid19challenge” ဆိုပြီး ဗီဒီယိုဖိုင်လေးနဲ့အတူ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

Online ရေသဘင်ပွဲလေး ကျင်းပကာ ချစ်တဲ့သူငယ်ချင်းတွေကို challenge ခေါ်ရင်း ပရိသတ်တွေအတွက်လည်း ကျန်းမာရေးကို ဂရုစိုက်ကာ အိမ်မှာပဲ နေထိုင်ကြဖို့ တိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း ပိုင်တံခွန်ရဲ့ Online ရေသဘင် challenge ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ  ပေးလိုက်ပါတယ်နော်..။
Source: Paing Takhon’s facebook

Sakura(Cele Connections)

error: Alert: Content is protected !!