

 

 

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“သင်္ကြန်ကို အိမ်မှာနေရင်း ဘာသာရေးလေးတွေလုပ်ကာ နေထိုင်ကြဖို့ တိုက်တွန်းလိုက်တဲ့ မေကဗျာ”

သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မေကဗျာကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို “ဗိုက်ပူမ”ကာရိုက်တာလေးနဲ့ သိမ်းပိုက်ခဲ့ပြီး ကာရိုက်တာတိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်မှုတွေဟာ သူမကို ပရိသတ်တွေ အချစ်ပိုစေရတဲ့ အချက်တွေလို့ ပြောရမှာပါ..။

မေကဗျာကတော့ အသက် (၃၆)နှစ်ရှိနေပေမယ့် ပျိုမျစ်နုနယ်ကာ လှပပြီး ချစ်စရာကောင်းပြီးချောမောတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်လည်း ဖြစ်ပါသေးတယ်နော်..။ မေကဗျာက ဘာသာရေးမှာလည်း ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး ဒီနေ့ ဧပြီလ (၁၂)ရက်နေ့မှာတော့ “သူများလည်းမပက်ဘူး.။ ကိုယ့်ကိုပက်လည်းမကြိုက်လို့.. သင်္ကြန်ဆို မပျော်တတ်တာ ငယ်ငယ်လေးထဲကမို့ ခွင့်လွှတ်ပါနော်.။ နှစ်သစ်ကို အိမ်မှာနေရင်းဘာသာရေးလေးနဲ့ ပဲကြိုဆိုနေပါနော်.။ Stayathome” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

မေကဗျာက သူမကိုယ်တိုင်လည်း သင်္ကြန်မှာ ရေပတ်လေ့မရှိဘဲ အိမ်မှာပဲနေကာ ဘာသာရေးလုပ်ရင်း နေထိုင်တတ်သလို ပရိသတ်တွေကိုလည်း ဒီနှစ် သင်္ကြန်မှာ အိမ်မှာနေရင်း ဘာသာရေးကိုပဲ လုပ်ကြဖို့ တိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်..။ မေကဗျာက်တော့ အိမ်မှာ ဘာသာရေးလုပ်ကာ သင်္ကြန်ကို ဖြတ်သန်းမယ့်ပုံပါပဲနော်.. .. ပရိသတ်ကြီး ။ Cele Connections ပရိသတ်ကြီးရော ဒီနှစ်သင်္ကြန်ကို အိမ်ထဲမှာနေရင်း ဘယ်လိုဖြတ်သန်းနေကြလဲဆိုတာ အပျော်သဘောနဲ့ မှတ်ချက်လေးတွေ  ရေးပေးခဲ့ပါဦးနော်..။
Source: May Kabyar’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!