ရုပ္ရွင္အစည္းအရုံးရဲ႕ အတြင္းေရးမွဴးအေနနဲ႔ မင္းရာဇာနဲ႔ပတ္သက္ၿပီး ပ်ံ႕ႏွံ႔ေနတဲ့ အသံဖုိင္ပုိင္ရွင္ေတြကုိ သတိေပးလာတဲ့ ဦးဝင္းၿမိဳင္

ႏိုင္ငံေက်ာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ မင္းရာဇာရဲ႕ အိမ္တြင္းေရးအရႈပ္အရွင္းကေတာ့ ပရိသတ္ႀကီး သိၿပီးသားျဖစ္မွာပါ။ ပရိသတ္ေတြအေနနဲ႔လည္း မင္းရာဇာရဲ႕လုပ္ရပ္ေၾကာင့္ အႏုပညာသမားေတြအေပၚ အထင္အျမင္လြဲမွားမႈေတြျဖစ္ေပၚေစသလို၊ အႏုပညာရွင္မ်ားအေနနဲ႔လည္း ထိခိုက္ခဲ့ရတာေတြရွိပါတယ္။ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ တြဲဖက္အတြင္းေရးမႉးတစ္ေယာက္ျဖစ္တဲ့ သ႐ုပ္ေဆာင္ ဦးဝင္းၿမိဳင္ကေတာ့ မင္းရာဇာရဲ႕ ကိစၥနဲ့ ပက္သတ္ျပီး တရားဥပေဒ ပညာရွင္ ၂ ဦးကို အခုလိုပဲ သတိေပးစကားဆိုလာပါတယ္။

 

“႐ုပ္ရွင္အစည္းအ႐ုံးဆိုသည္ ႐ုပ္ရွင္ေလာကသားမ်ားက မိမိတို႔ပညာရပ္အလိုက္ အလႊာ ၁၀ လႊာစုစည္းၿပီး အလႊာလိုက္တာဝန္ခံမ်ား ေ႐ြးခ်ယ္တင္ေျမႇာက္ဖြဲ႕စည္းထားေသာ ( အစိုးရမဟုတ္သည့္ ) အဖြဲ႕အစည္းတစ္ခုျဖစ္သည္။ အာဏာရွင္အဖြဲ႕အစည္းမဟုတ္ေပ။ ျပႆနာမ်ား ေပၚေပါက္လွ်င္ စည္း႐ုံးျခင္းနည္း၊ ညႇိႏႈိင္းေျဖရွင္းျခင္းနည္းမ်ားကိုသာ အသုံးျပဳသည္။ စုေပါင္းေျဖရွင္းသည္။ လူတြင္က်ယ္လုပ္သည့္ အဖြဲ႕အစည္းမဟုတ္ေပ။”

 

 

“ယခု online တြင္ျပန႔္ႏွံ႔ေနေသာ တရားဥပေဒ ပညာရွင္ ၂ ဦး၏ အသံဖိုင္သည္ ႐ုပ္ရွင္အစည္းအ႐ုံးကို ပရိသတ္ျပည္သူမ်ား အထင္အျမင္ေသးေစမည့္ စကားလုံးမ်ားျဖင့္ ဥပေဒ ျပင္ပမွ ေစာ္ကားေျပာဆိုထားသည္။ မိမိတို႔ မည္သည့္ဥပေဒမ်ားကို က်ဴးလြန္ထားခဲ့သည္ကို မိမိတို႔အသိဆုံးျဖစ္ပါလိမ့္မည္။ ႐ုပ္ရွင္အစည္းအ႐ုံးသည္ အာဏာကို အသုံးျပဳသည့္ အဖြဲ႕အစည္းမဟုတ္ေသာ္လည္း မိမိအဖြဲ႕အစည္းအား ထိပါးပုတ္ခတ္ ေစာ္ကားမႈကိုမူ ေခါင္းငုံ႔ ၿငိမ္ခံေနမည့္ အဖြဲ႕အစည္းမဟုတ္ေပ။ ထိေရာက္ေသာတုန႔္ျပန္မႈျပဳမည္ျဖစ္သည္။”

 

 

“ဤ post မ်ိဳးကို သာမန္အားျဖင့္ ကြၽႏ္ုပ္တစ္​ေယာက္တည္း သ​ေဘာျဖင့္ on line တင္၍မရပါ။ ဦးစီးအမႈ​ေဆာင္အစည္းအ​ေဝးျဖင့္သာ အတည္ျပဳ ​ေရးသား၍ post တင္ရပါမည္။သို႔ရာတြင္ covid-19 ​ေၾကာင့္ ႐ုံးပိတ္ထားသည့္အ​ေျခအ​ေန​ေၾကာင့္ လည္း​ေကာင္း ၊ မတုန္႔ျပန္ဘဲ ႏႈတ္ဆိတ္ေနလွ်င္ ႐ုပ္ရွင္အစည္းအ႐ုံး၏ ဂုဏ္သိကၡါထိခိုက္ ႏိုင္သည္ေၾကာင့္ လည္း​ေကာင္း၊ ႐ုပ္ရွင္အစည္းအ႐ုံး ၏ တြဲဖက္အတြင္း​ေရးမႉး ၂ ျဖစ္သည့္ ကြၽႏ္ုပ္ အ​ေနႏွင့္ ကြၽႏ္ုပ္​ေရးတင္​ေသာ post အ​ေပၚ ကိုယ္တိုင္ တာဝန္ယူမႈ တာဝန္ခံမႈတို႔ ျဖင့္ အသံဖိုင္ပိုင္ရွင္ ႏွစ္ဦးတို႔ သိ​ေစရန္လည္း​ေကာင္း ပရိသတ္ျပည္သူတို႔ ႐ုပ္ရွင္အစည္းအ႐ုံးအ​​​ေပၚ အထင္အျမင္မလြဲမွား​ေစရန္လည္း​ေကာင္း ဤ post ကို ​ေရးတင္ပါသည္။” ဆိုျပီး ေျပာထားပါတယ္။

 

 

Source: Win Myaing’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ရုပ်ရှင်အစည်းအရုံးရဲ့ အတွင်းရေးမှူးအနေနဲ့ မင်းရာဇာနဲ့ပတ်သက်ပြီး ပျံ့နှံ့နေတဲ့ အသံဖိုင်ပိုင်ရှင်တွေကို သတိပေးလာတဲ့ ဦးဝင်းမြိုင်

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မင်းရာဇာရဲ့ အိမ်တွင်းရေးအရှုပ်အရှင်းကတော့ ပရိသတ်ကြီး သိပြီးသားဖြစ်မှာပါ။ ပရိသတ်တွေအနေနဲ့လည်း မင်းရာဇာရဲ့လုပ်ရပ်ကြောင့် အနုပညာသမားတွေအပေါ် အထင်အမြင်လွဲမှားမှုတွေဖြစ်ပေါ်စေသလို၊ အနုပညာရှင်များအနေနဲ့လည်း ထိခိုက်ခဲ့ရတာတွေရှိပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ဦးဝင်းမြိုင်ကတော့ မင်းရာဇာရဲ့ ကိစ္စနဲ့ ပက်သတ်ပြီး တရားဥပဒေ ပညာရှင် ၂ ဦးကို အခုလိုပဲ သတိပေးစကားဆိုလာပါတယ်။

“ရုပ်ရှင်အစည်းအရုံးဆိုသည် ရုပ်ရှင်လောကသားများက မိမိတို့ပညာရပ်အလိုက် အလွှာ ၁၀ လွှာစုစည်းပြီး အလွှာလိုက်တာဝန်ခံများ ရွေးချယ်တင်မြှောက်ဖွဲ့စည်းထားသော ( အစိုးရမဟုတ်သည့် ) အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အာဏာရှင်အဖွဲ့အစည်းမဟုတ်ပေ။ ပြဿနာများ ပေါ်ပေါက်လျှင် စည်းရုံးခြင်းနည်း၊ ညှိနှိုင်းဖြေရှင်းခြင်းနည်းများကိုသာ အသုံးပြုသည်။ စုပေါင်းဖြေရှင်းသည်။ လူတွင်ကျယ်လုပ်သည့် အဖွဲ့အစည်းမဟုတ်ပေ။”

“ယခု online တွင်ပြန့်နှံ့နေသော တရားဥပဒေ ပညာရှင် ၂ ဦး၏ အသံဖိုင်သည် ရုပ်ရှင်အစည်းအရုံးကို ပရိသတ်ပြည်သူများ အထင်အမြင်သေးစေမည့် စကားလုံးများဖြင့် ဥပဒေ ပြင်ပမှ စော်ကားပြောဆိုထားသည်။ မိမိတို့ မည်သည့်ဥပဒေများကို ကျူးလွန်ထားခဲ့သည်ကို မိမိတို့အသိဆုံးဖြစ်ပါလိမ့်မည်။ ရုပ်ရှင်အစည်းအရုံးသည် အာဏာကို အသုံးပြုသည့် အဖွဲ့အစည်းမဟုတ်သော်လည်း မိမိအဖွဲ့အစည်းအား ထိပါးပုတ်ခတ် စော်ကားမှုကိုမူ ခေါင်းငုံ့ ငြိမ်ခံနေမည့် အဖွဲ့အစည်းမဟုတ်ပေ။ ထိရောက်သောတုန့်ပြန်မှုပြုမည်ဖြစ်သည်။”

“ဤ post မျိုးကို သာမန်အားဖြင့် ကျွန်ုပ်တစ်ယောက်တည်း သဘောဖြင့် on line တင်၍မရပါ။ ဦးစီးအမှုဆောင်အစည်းအဝေးဖြင့်သာ အတည်ပြု ရေးသား၍ post တင်ရပါမည်။သို့ရာတွင် covid-19 ကြောင့် ရုံးပိတ်ထားသည့်အခြေအနေကြောင့် လည်းကောင်း ၊ မတုန့်ပြန်ဘဲ နှုတ်ဆိတ်နေလျှင် ရုပ်ရှင်အစည်းအရုံး၏ ဂုဏ်သိက္ခါထိခိုက် နိုင်သည်ကြောင့် လည်းကောင်း၊ ရုပ်ရှင်အစည်းအရုံး ၏ တွဲဖက်အတွင်းရေးမှူး ၂ ဖြစ်သည့် ကျွန်ုပ် အနေနှင့် ကျွန်ုပ်ရေးတင်သော post အပေါ် ကိုယ်တိုင် တာဝန်ယူမှု တာဝန်ခံမှုတို့ ဖြင့် အသံဖိုင်ပိုင်ရှင် နှစ်ဦးတို့ သိစေရန်လည်းကောင်း ပရိသတ်ပြည်သူတို့ ရုပ်ရှင်အစည်းအရုံးအပေါ် အထင်အမြင်မလွဲမှားစေရန်လည်းကောင်း ဤ post ကို ရေးတင်ပါသည်။” ဆိုပြီး ပြောထားပါတယ်။

Source: Win Myaing’s fb
Bilie – Cele Connections

error: Alert: Content is protected !!