

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“မိသားစုလိုက် အိမ်တွင်းသင်္ကြန်ကျတာ ပျော်ရွှင်နေကြတဲ့ခင်လှိုင်တို့ မိသားစုရဲ့ ဗီဒီယိုဖိုင်လေး”

ဟာသလူရွှင်တော် သရုပ်ဆောင် ခင်လှိုင်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်… ။ အနုပညာနဲ့ပတ်သက်ရင် ဆေးစက်ကျရာ အရုပ်ထင်ဆိုသလို ဘယ်ကဏ္ဍကမဆို ပီပီပြင်ပြင် ပါဝင်လုပ်ဆောင်တတ်သူလည်ဖြစ်ပါတယ်..။ ဒါရိုက်တာတစ်ယောက်အနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုနဲ့အတူ ဘဝကို ဖြတ်သန်းနေသူပါ..။

အမြဲ တမ်း ပျော်ရွှင်တက်ကြွနေတဲ့ ခင်လှိုင်တို့ မိသားစုကတော့ တကယ့်ကို ပျော်စရာတွေအပြည့်နဲ့ နေတတ်တဲ့သူတွေလို့ ဆိုရင် မှားမယ် မထင်ပါဘူး..။ ခင်လှိုင်ရဲ့ သားနဲ့ သမီးဖြစ်သူ နေရဲနဲ့ သဇင်ထူးမြင့်တို့ဟာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း အခိုင်အမာ ပရိသတ်တွေကို ရရှိနေတဲ့သူတွေပဲဖြစ်ပါတယနော်..။ ဒီနေ့ ဧပြီလ (၁၂)ရက်နေ့ သင်္ကြန်အကြိုနေ့မှာတော့ ခင်လှိုင်က မိသားစုလိုက် အိမ်တွင်းသင်္ကြန်ကျင်းပနေတဲ့ ဗီဒီယိုဖိုင်လေးကို “အိမ်တွင်းပုန်း မိသားစုသင်္ကြန် ..။ ချစ်မိတ်ဆွေတို့လည်း အိမ်မှာကျန်းမာပျော်ရွှင်ကြပါစေ..။” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ခင်လှိုင်ကတော့ မိသားစုနဲ့အတူ ပျော်ရွှင်စွာ အိမ်တွင်းသင်္ကြန်ကျရင်း ပျော်ရွှင်နေတဲ့ ပုံပါပဲနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း ခင်လှိုင်တို့ မိသားစုရဲ့ အိမ်တွင်းသင်္ကြန်ကျနေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်..။
Source: Khin Hlaing’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!