Source : Zay Ye Htet
ယူနီကုတ်ဖြင့်ဖတ်ရန်
” မင်းရာဇာရဲ့ အိမ်ကူမိန်းကလေးကို တနိုင်တစ်ပိုင်လေး သွားရောက်လှူဒါန်းခဲ့တဲ့ ဇေရဲထက်တို့ စုံတွဲ ”
CeleConnections ပရိသတ်ကြီးရေ မင်းရာဇာအမှုနဲ့ပတ်သက်ပြီး မင်းသားဇေရဲထက်ကလည်း ပြင်းပြင်းထန်ထန် ရှုံ့ချကာ သူ့ရဲ့အမြင်ကို ပြောပြထားတာပါ။ ဇေရဲထက်တော့ အလှူအတန်းတွေတတ်နုျင်သလောက် ပြုလုပ်ကာ အေးဆေးတည်ငြိမ်စွာ နေတတ်တဲ့ မင်းသားတစ်လက်ပါ။
ဒီနေ့မှာတော့ ” နှစ်သစ်ကူးအစမှာ ကုသိုလ်လေးနဲ့ စပြုပြီး အေးချမ်းစွာအိမ်ထဲမှာနေနေပါတယ် ညီမလေး လိုချင်နေတဲ့အရုပ်လေးရယ် လိုအပ်တာလေးဝယ်ဖို့အတွက် (၃၀၀၀၀၀) ကျပ်နဲ့အတူ ကျနော်တို့ ချစ်သူနှစ်ဦးက ညီမလေးအတွက် တပိုင်တနိုင်ပျော်ရွှင်ခွင့်ရအောင်ဖန်တီးပေးခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ် အလှူအတွက်ကူညီပေးတဲ့ အန်တီမဲလုံး ကော မျောက်စုတ် ကောကျေးဇူးပါ အလှူရှင်ဆီတိုက်ရိုတ်လှူခွင့်ရအောင် ကူညီပေးကြတဲ့တဦးတယောက်ချင်းဆီကို ကျေးဇူးတင်ပါတယ် ” ဆိုတဲ့စာလေးနဲ့လှူဒါန်းမှုပုံရိပ်လေးကိုဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။
တကယ့်ကို ဒုက္ခရောက်တဲသူတွေကို အနုပညာသမားချင်းဆိုပေမယ့် မှားတဲ့ဘက်ကမနေဘဲ အမှန်တရားဘက်ကလိုက်ကာ ကူညီဖေးမတတ်တဲ့ ဇေရဲထက်ရဲ့ မွန်မြတ်တဲ့ စေတနာ ကုသိုလ်အတွက် CeleConnections ပရိသတ်ကြီးလည်း သာဓုခေါ်ခဲ့ပါဦးနော်။
Source : Zay Ye Htet
Candy – CeleConnections
error: Alert: Content is protected !!