

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

ဘယ်မှမသွားရလို့ အိမ်ထဲမှာပဲ တစ်ယောက်နဲ့တစ်ယောက် ရေပက်ပြီး သင်္ကြန်ကျခဲ့တဲ့ သက်မွန်မြင့်တို့ မိသားစု

ချစ်စရာကောင်းပြီး ပျော်ပျော်နေတတ်တဲ့ မင်းသမီးချောလေး သက်မွန်မြင့်ကို ပရိသတ်ကြီးအားလုံး ချစ်ခင်ကြမယ် ထင်ပါတယ်။ သက်မွန်မြင့်က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားလေး အားချစ်နဲ့ သမီးလေး လဝန်းမေတို့ကို မွေးဖွားထားတာ ဖြစ်ပါတယ်။ အသက်အရွယ်တစ်ခုရောက်လာပြီဖြစ်တဲ့ သက်မွန်မြင့်က အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေသလို သူမရဲ့ မိသားစုလေးကိုလည်း ကြင်နာမှုအပြည့်နဲ့ စောင့်ရှောက်နေတာ ဖြစ်ပါတယ်။

ဒီကနေ့ သင်္ကြန်အကြိုနေ့ရောက်ပြီဖြစ်ပေမယ့် တစ်နိုင်ငံလုံး ဘယ်မှမသွားရတဲ့အချိန်မှာ သက်မွန်မြင့်တို့ မိသားစုက ခြံထဲမှာပဲ သင်္ကြန်ကျခဲ့ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရေတွေပက်ပြီး ပျော်ရွှင်နေတဲ့ သက်မွန်မြင့်တို့ မိသားစုလေးက အရမ်းကို ကြည်နူးစရာကောင်းတာမို့ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

သက်မွန်မြင့်တို့မိသားစုက သင်္ကြန်ဘယ်မှမသွားရပေမယ့် အိမ်ထဲမှာပဲ အဆင်ပြေသလို သင်္ကြန်ကျခဲ့တာ ဖြစ်ပါတယ်။ Cele Connections ပရိသတ်ကြီးရော ဒီနေ့ သင်္ကြန်အကြိုနေ့မှာ ဘာတွေလုပ်ဖြစ်ကြလဲ ပြောပြခဲ့ဦးနော်။

Source: Thet Mon Myint’s fb
Bilie – Cele Connections

error: Alert: Content is protected !!