

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ပိုးတွေ့ရှိသူ ဒေါက်တာအတွက် ပြန်လည်ကျန်းမာကာ အမြန်ဆုံး အိမ်ပြန်နိုင်ဖို့အတွက် ဆုတောင်းပေးလာတဲ့ တင်ဇာမော်”

နာမည်ကြီး အဆိုတော် တစ်ဦးဖြစ်တဲ့ တင်ဇာမော်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်…။ တင်ဇာမော်ကတော့ အသံအားကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ ရင်ထဲထိရောက်အောင် သီဆိုနိုင်တဲ့ နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်ပြီး ဂီတမျိုးဆက်သစ်တွေကို စင်တင်ပေးနေတဲ့ တီဗီပရိုဂရမ်အစီအစဉ်တစ်ခုဖြစ်တဲ့ “Myanmar Idol” သီချင်းဆိုပြိုင်ပွဲအစီအစဉ်ရဲ့ ဒိုင်လူကြီးတစ်ဦးလည်း ဖြစ်ပါသေးတယ်..။

တင်ဇာမော်က လက်ရှိ ဖြစ်ပျက်နေတဲ့ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ခံစားရတဲ့ ခံစားချက်တစ်ချို့လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ..။ ဒီနေ့ ဧပြီလ (၁၂)ရက်နေ့ သင်္ကြန်အကြိုနေ့မှာတော့ တင်ဇာမော်က ရောဂါပိုးရှိတဲ့ သူတွေကို ကုပေးရင်းကူးစက်ခံလိုက်ရတဲ့ ဒေါက်တာ ဒေါ်မြင့်မြင့်စိန်အတွက် သူမပြုတဲ့ ကုသိုလ်လေးတွေနဲ့အတူ ဆုတောင်းပေးခဲ့တဲ့ အကြောင်းလေးကို “အန်တီဒေါက်တာဒေါ်မြင့်မြင့်စိန်ရှင့်…. သမီးပြုသမျှ ကုသိုလ်တွေ နဲ့ သစ္စာပြုပြီး ဆုတောင်းပေးနေပါတယ်နော်။ ပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့ လန်းဆန်းကျန်းမာ ဦးမော့ရင်ကော့ပြီး အိမ်ကိုအမြန်ဆုံး ပြန်လာနိုင်ပါစေလို့ နှစ်သစ် အကြို ဆုတောင်းနဲ့ အတူ ကမ္ဘာသူ ကမ္ဘာသားများ အားလုံး ကပ်ဘေးမှ ရှောင်ကွင်း လွတ်မြောက်နိုင်ကြပါစေ။ (၂၀၂၀) ဧပြီ (၁၂) အိမ်တွင်းသင်္ကြန် အကြို..” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

တင်ဇာမော်ကတော့ သူမပြုခဲ့တဲ့ အလှူတွေကြောင့် ပိုးကုခံလိုက်ရတဲ့ ဒေါက်တာ အမြန်ဆုံးသက်သာကာ အိမ်ကို ပြန်နိုင်ဖို့အတွက် ဆုတောင်းစကားဆိုလာခဲ့တာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ပိုးကုခံရတဲ့ ဒေါက်တာအတွက် တင်ဇာမော်လို အမြန်ဆုံး ပြန်လည်သက်သာစေဖို့ ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါဦးနော်..။
Source: Tin Zar Maw’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!