

 

 


 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

 

ပရိသတ်အကြိုက် သီချင်းတွေသီဆိုပြပြီး အခွီတွေပြောခဲ့ကြတဲ့ ရဲလေးနဲ့ ဂျိုကာတို့ ညီအစ်ကိုနှစ်ယောက်ရဲ့ Live ဗီဒီယိုလေး

သီချင်းဆိုကောင်းသလို အရမ်းချောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ရဲလေးကို မိန်းကလေးပရိသတ်တိုင်း ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ ရဲလေးက ဆယ်စုနှစ်တစ်ခုကျော်စာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားသလို ယနေ့ထိတိုင် အောင်မြင်နေဆဲ ဖြစ်ပါတယ်။ ရဲလေးရဲ့ ညီ ဂျိုကာကလည်း အစ်ကိုဖြစ်သူလိုပဲ သီချင်းဆိုကောင်းသလို ဟာသသရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ထင်ရှားပါတယ်။

ဒီနေ့မှာတော့ ရဲလေးတို့ ညီအစ်ကိုနှစ်ယောက်က ပရိသတ်တွေအတွက် Live လေးလွှင့်ပြီး သီချင်းတွေ ဆိုပြခဲ့တာဖြစ်ပါတယ်။ ရဲလေးရဲ့ သီချင်းဟောင်းလေးတွေ ပြန်လည်နားဆင်ရတာ အရမ်းကောင်းသလို အခွီတွေလည်းပါတာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

ရဲလေးရဲ့ သီချင်းတွေကတော့ ဘယ်အချိန် နားထောင်နားထောင် ရိုးသွားတယ်ဆိုတာမရှိဘူးနော်။ ပရိသတ်ကြီးလည်း ရဲလေးရဲ့ သီချင်းတွေကိုနားဆင်ရင်း ကျေနပ်နှစ်ခြိုက်ကြမယ် ထင်ပါတယ်။

Source: Wai Yan Tun Min’s fb
Bilie – Cele Connections

error: Alert: Content is protected !!