

 

 


 

 


 

 

Source: Phway Phway’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ထွန်းနောင်ဆင့်ရေးသားပေးထားပြီး ဖွေးဖွေးသီဆိုထားတဲ့ “ငါ့ကမ္ဘာထဲ” သီချင်းသစ်လေး

အကယ်ဒမီ ဖွေးဖွေးက သရုပ်ဆောင်ကောင်းရုံသာမကပဲ သီချင်းဆိုလည်း ကောင်းမွန်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဖွေးဖွေးက Oopsie Eyes ဆိုတဲ့ နာမည်နဲ့ သီချင်းတွေကို သီဆိုပြီး ပရိသတ်တွေကလည်း သူမရဲ့ သီချင်းအချို့ကို အားပေးကြတာကို တွေ့ရပါတယ်။ ဒီတစ်ခေါက်မှာလည်း ဖွေးဖွေးက သူမသီဆိုထားတဲ့ သီချင်းအသစ်လေးတစ်ပုဒ်ကို ပရိသတ်တွေဆီ မျှဝေလာပါတယ်။

သီချင်းလေး နာမည်က “ငါ့ကမ္ဘာထဲ” လို့ အမည်ရပြီး X – Factor Season (1) ရဲ့ Winner ဖြစ်သူ ထွန်းနောင်ဆင့်က ရေးသားပေးထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ဖွေးဖွေးရဲ့ “ငါ့ကမ္ဘာထဲ” သီချင်းလေးကို မျှဝေပေးလိုက်ပါတယ်။

ဖွေးဖွေးကတော့ လူလေးလှ၊ သရုပ်ဆောင်လည်းကောင်း၊ သီချင်းဆိုလည်းတော်တာပဲနော်။ ပရိသတ်ကြီးလည်း ဖွေးဖွေးရဲ့ သီချင်းလေးကို သဘောကျကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Source: Phway Phway’s fb
Bilie – Cele Connections

error: Alert: Content is protected !!