“တစ္သက္လံုးမွာ တစ္ခါပဲ ၾကံဳရမယ့္ အိမ္တြင္းသၾကၤန္မို႕ အျပင္မထြက္ၾကဘဲ သည္းခံေနေပးဖုိ႕ တိုက္တြန္းလိုက္တဲ့ စိုင္းစိုင္းရဲ႕ ဗီဒီယုိဖိုင္ေလး”

နာမည္ႀကီး အဆိုေတာ္တစ္ဦးျဖစ္တဲ့ စိုင္းစိုင္းခမ္းလိႈင္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ အနုပညာနဲ႕ ပတ္သက္ရင္ ျမတ္နိုးတဲ့စိတ္နဲ႕ လုပ္ေဆာင္ရင္း ေအာင္ျမင္မႈေတြကို သိမ္းပိုက္ရရွိလာခဲ့တဲ့ စိုင္းစိုင္းက စီးပြားေရးလုပ္ငန္းမွာလည္း ေအာင္ျမင္တဲ့သူတစ္ဦးလို႕ ေျပာရမွာပါ..။ ဧၿပီလ (၁၀)ရက္ေန႕ကမွာ အသက္ (၄၁)နွစ္ျပည့္ခဲ့ၿပီး သူ႕ရဲ႕ အိမ္ခန္းမွာပဲ ခ်စ္ရတဲ့ ပရိသတ္ေတြနဲ႔အတူ “SAI SAI Birthday in Bedroom” ရႈိးပြဲေလးကို Liveလႊင့္ကာ  က်င္းပခဲ့တာပဲျဖစ္ပါတယ္ေနာ္..။

 

 

 

ၾကည့္ရႈ႕တဲ့ ပရိသတ္ေတြဟာလည္း မ်ားျပားသလို ၾကည့္ရႈ႕သူေတြထဲမွာ အနုပညာရွင္ေတြလည္း ပါဝင္ၾကပါတယ္..။ ဒီေန႕ ဧၿပီလ (၁၂)ရက္ေန႕မွာေတာ့ စိုင္းစိုင္းက သၾကၤန္ကို အိမ္ထဲမွာပဲ ေနထိုင္ကာ ျဖတ္သန္းရမယ့္ ထူးျခားျဖစ္စဥ္နွစ္ေလးမို႕ ႀကိဳးစားသည္းခံၿပီး ေနေပးၾကဖို႕အတြက္ ဗီဒီယုိဖိုင္ေလးနဲ႕အတူ “ေန႔သစ္တိုင္းမွာ ေရွ႕ဆက္ဖို႔ အခြင့္အေရးေတြ အမ်ားႀကီးရွိပါတယ္…။ ဒါ့ေၾကာင့္ က်ေနာ္တို႔အားလုံး အိမ္မွာေနတဲ့ အခ်ိန္ေတြကို အက်ိဳးရွိစြာ ျဖတ္သန္းရင္းနဲ႔ မနက္ျဖန္တိုင္းမွာရွိတဲ့ အခြင့္အေရးမ်ားစြာအတြက္ အတူတူေရွ႕ဆက္ၾကရေအာင္ဗ်ာ .။ အိမ္မွာေန… StayHomeToAchieve…EverydayisOpportunity…StayHome” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။

 

 

စိုင္းစိုင္းကေတာ့ တစ္သက္လံုးမွာ တစ္ခါမွ မျဖစ္ဖူးတဲ့ အိမ္ထဲမွာ ေနရတဲ့ သၾကၤန္မို႕ ေနာက္နွစ္ေတြမွာ ဆင္ႏႊဲေပ်ာ္ရႊင္နိုင္ေအာင္ သည္းခံၿပီး အိမ္ထဲမွာ ေနေပးၾကဖို႕ တိုက္တြန္းလိုက္တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးအတြက္လည္း စိုင္းစိုင္းရဲ႕ အိမ္ထဲမွာပဲ ေနၾကဖို႕ တိုက္တြန္းထားတဲ့ ဗီဒီယုိဖို္င္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္..။
Source: Sai Sai Kham Leng’s Facebook

Sakura(Cele Connections

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“တစ်သက်လုံးမှာ တစ်ခါပဲ ကြုံရမယ့် အိမ်တွင်းသင်္ကြန်မို့ အပြင်မထွက်ကြဘဲ သည်းခံနေပေးဖို့ တိုက်တွန်းလိုက်တဲ့ စိုင်းစိုင်းရဲ့ ဗီဒီယိုဖိုင်လေး”

နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ အနုပညာနဲ့ ပတ်သက်ရင် မြတ်နိုးတဲ့စိတ်နဲ့ လုပ်ဆောင်ရင်း အောင်မြင်မှုတွေကို သိမ်းပိုက်ရရှိလာခဲ့တဲ့ စိုင်းစိုင်းက စီးပွားရေးလုပ်ငန်းမှာလည်း အောင်မြင်တဲ့သူတစ်ဦးလို့ ပြောရမှာပါ..။ ဧပြီလ (၁၀)ရက်နေ့ကမှာ အသက် (၄၁)နှစ်ပြည့်ခဲ့ပြီး သူ့ရဲ့ အိမ်ခန်းမှာပဲ ချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ “SAI SAI Birthday in Bedroom” ရှိုးပွဲလေးကို Liveလွှင့်ကာ ကျင်းပခဲ့တာပဲဖြစ်ပါတယ်နော်..။

ကြည့်ရှု့တဲ့ ပရိသတ်တွေဟာလည်း များပြားသလို ကြည့်ရှု့သူတွေထဲမှာ အနုပညာရှင်တွေလည်း ပါဝင်ကြပါတယ်..။ ဒီနေ့ ဧပြီလ (၁၂)ရက်နေ့မှာတော့ စိုင်းစိုင်းက သင်္ကြန်ကို အိမ်ထဲမှာပဲ နေထိုင်ကာ ဖြတ်သန်းရမယ့် ထူးခြားဖြစ်စဉ်နှစ်လေးမို့ ကြိုးစားသည်းခံပြီး နေပေးကြဖို့အတွက် ဗီဒီယိုဖိုင်လေးနဲ့အတူ “နေ့သစ်တိုင်းမှာ ရှေ့ဆက်ဖို့ အခွင့်အရေးတွေ အများကြီးရှိပါတယ်…။ ဒါ့ကြောင့် ကျနော်တို့အားလုံး အိမ်မှာနေတဲ့ အချိန်တွေကို အကျိုးရှိစွာ ဖြတ်သန်းရင်းနဲ့ မနက်ဖြန်တိုင်းမှာရှိတဲ့ အခွင့်အရေးများစွာအတွက် အတူတူရှေ့ဆက်ကြရအောင်ဗျာ .။ အိမ်မှာနေ… StayHomeToAchieve…EverydayisOpportunity…StayHome” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

စိုင်းစိုင်းကတော့ တစ်သက်လုံးမှာ တစ်ခါမှ မဖြစ်ဖူးတဲ့ အိမ်ထဲမှာ နေရတဲ့ သင်္ကြန်မို့ နောက်နှစ်တွေမှာ ဆင်နွှဲပျော်ရွှင်နိုင်အောင် သည်းခံပြီး အိမ်ထဲမှာ နေပေးကြဖို့ တိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက်လည်း စိုင်းစိုင်းရဲ့ အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်..။
Source: Sai Sai Kham Leng’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!