Source: Nay Chi Oo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်
စီလီကွန်တွေမထည့်ခင်ကတည်းက ချစ်စရာကောင်းတာမို့ အရမ်းမပြောကြပါနဲ့ဆိုတဲ့ နေခြည်ဦး
ပရိသတ်ချစ်တဲ့ နေခြည်ဦးကတော့ အောင်မြင်မှုတွေ ရရှိလာတဲ့အမျှ ဝေဖန်မှုအနည်းငယ်တော့ ခံရသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် နေခြည်ဦးကတော့ သူမ ယုံကြည်ရာလမ်းကို ရဲရဲဝံ့ဝံ့နဲ့ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ နေခြည်ကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ နေခြည်ရဲ့ လှုပ်ရှားမှုမှန်သမျှကို အားပေးနေကြဆဲ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာတော့ နေခြည်ဦးက သူမ ဆယ်ကျော်သက်အရွယ်က ပုံလေးနဲ့ အခုလက်ရှိပုံလေးကို ယှဉ်တွဲပြရင်း “အတုတွေ မထည့်ခင် ကတည်းက ချစ်စရာကောင်းတာပါကွာ။ အရမ်းကြီးတော့ မပြောကြပါနဲ့။” ဆိုပြီး ပြောထားပါတယ်။
နေခြည်ဦးကတော့ နှာခေါင်း၊ မျက်ရစ်၊ မေးရိုး၊ ရင်သား အစရှိတာတွေကို ခွဲစိတ်ပြုပြင်ထားပေမယ့် မခွဲစိတ်ခင်က မျက်နှာလေးကလည်း အရမ်းချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ အရင်ကပုံနဲ့ အခုပုံ ဘယ်ပုံလေးကို ပိုချစ်လဲ ပြောခဲ့ကြပါဦး။
Source: Nay Chi Oo’s fb
Bilie – Cele Connections
error: Alert: Content is protected !!