

 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“ကိုဗစ်သာမရှိရင် ဒီနှစ်သင်္ကြန်လေးကတော့ အမှတ်တရကောင်းလေးဖြစ်လောက်မယ်ဆိုတဲ့အတွေးလေးနဲ့ ရင်ဖွင့်လာတဲ့ ခြူးလေး”

 

MRTV-4ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “နွေလယ်ညရဲ့ လမင်း”ရုပ်သံဇာတ်လမ်းတွဲတွေ စိုးစန္ဒာ အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးချောလေး ခြူးလေးကိုတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ခြူးလေးကတော့ ဇာတ်ကားတိုင်းမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားတာပဲဖြစ်ပါတယ်။ သူမဟာဆိုရင် သရုပ်ဆောင်မှုပိုင်းမှာ ကျွမ်းကျင်ရုံသာမက ဂီတပိုင်းမှာလည်း အောင်မြင်နေတဲ့ အဆိုတော်တစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။

 

Covid-19ကြောင့် အိမ်မှာအနားယူနေရင်း အမှတ်တရပုံရိပ်လေးတွေနဲ့ Tik tokဗီဒီယိုဖိုင်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဧပြီလ(၁၂)ရက်နေ့မှာ ခြူးလေးကတော့ “ငယ်ငယ်လေး ကတည်းက သင်္ကြန် မှာ ပထမဆုံး ရေလောင်းချင်လို့ပါ ဆိုပြီး တကူးတက အိမ်ထိ တစ်ခါမှ ရေ လာလောင်းတာ မခံရဖူးဘူး ဒီ ငဗစ် ပေါ်လာမှဘဲ အဲ့လို အိမ်ထိ ဂရုတစိုက် နဲ့ ပထမဆုံး ရေ လာ လောင်းခံရဖူးပြီ… ဒီ ငဗစ် သာ မရှိရင် ဘယ်လိုများ အမှတ်တရကောင်း တွေနဲ့ သင်္ကြန်လေး ဖြစ်လိုက်မလဲ တွေးရင်း” သူမရဲ့ ခံစားချက်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမအိမ်အထိကို တကူးတကရေလာလောင်းတာမခံရတဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။

 

CeleConnectionsပရိသတ်တွေအတွက်      ခြူးလေးရဲ့ ဒီနှစ်မှာ ပထမဆုံးရေလာလောင်းခံရတဲ့အကြောင်းကို     ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း      ခြူးလေးကို  ချစ်တယ်ဆိုရင်  မှတ်ချက်လေးတစ်ခုလောက်  ရေးပေးခဲ့ကြပါနော်။

Soure… Chue Chue’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!