

 

 


 

 


 

 

Source: Htoo Khant’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

Anniversary နေ့လေးမှာ ချစ်ဇနီးလေး ရွှေမှုံကြွေသွားရအောင် ရိုးရိုးလေးချစ်စကားဆိုခဲ့တဲ့ ရွှေထူး

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံက အနုပညာလုပ်ငန်းတွေ ကိုယ်စီလုပ်ကိုင်ရင်း ရုပ်ရှင်အတူတူ ရိုက်ကူးခဲ့ရာမှ ဖူးစာဆုံခဲ့သူတွေ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အခုဆိုရင် အိမ်ထောင်သက်တမ်း (၁) နှစ်ကျော်ကြာပြီဖြစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် ကြင်စဦး ဇနီးမောင်နှံတွေအတိုင်းပဲ မျက်စေ့အောက်က အပျောက်မခံနိုင်အောင်ကို ချစ်နေကြဆဲ ဖြစ်ပါတယ်။

နိုဝင်ဘာ (၁၁) ရက်နေ့မှာ လက်ထပ်ခဲ့တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက လစဉ် (၁၁) ရက်နေ့ရောက်တိုင်း တစ်ယောက်ကိုတစ်ယောက် ဆုမွန်ကောင်းတွေတောင်းပြီး Anniversary နေ့လေးကို ဖြတ်သန်းလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ရွှေထူးက ချစ်ဇနီးလေး ရွှေမှုံရတီကို “Happy Anniversary ပါချစ်ဇနီးရေ… သိပ်ချစ်တယ် ” ဆိုပြီး ရိုးရိုးလေး ဆုတောင်းပေးထားပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီကတော့ Anniversary နေ့လေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေမယ် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးနဲ့ ရွှေမှုံလေးကိုကြည့်ပြီး ကြည်နူးနေမယ် ထင်ပါတယ်နော်။

Source: Htoo Khant’s fb
Bilie – Cele Connections

error: Alert: Content is protected !!